ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အား နေပြည်တော်ရှိ Horizon Lake View Resort မှ ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ မြန်မာနိုင်ငံ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် - Horizon Lake View Resort ("HLVR") သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် နှစ်နိုင်ငံကြားဆက်ဆံရေး (သို့) "ပေါက်ဖော်" ချစ်ကြည်ရေး ပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ကို ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 

ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်နေ့ထိ လာရောက်ခဲ့သည့် အဆိုပါ ခရီးစဉ်သည် ခိုင်မာသောသမိုင်းကြောင်းအစဉ်အလာ၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေးနှင့် သံတမန်ဆက်ဆံရေးတို့ဖြင့် ယှဉ်တွဲနေထိုင်နေသော နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပါသည်။  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တရားဝင်အသိအမှတ်ပြုလက်ခံခဲ့သည့် ၁၉၅၀ ခုနှစ်မှ စတင်ခဲ့ပါသည်။

 

Download Myanmar Press Release Here.

Download Chinese Press Release Here.