• နိုင်ငံတကာ အဆင့်မီ လေကြောင်း ပို့ဆောင်ရေး ဝန်ဆောင်မှု များပေးနေသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

  • ခရီးသည်ပေါင်း သန်း၂၀အထိ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ် တည်ဆောက် ထားခြင်း

  • အိမ်ထောင်စု သန်းပေါင်းများစွာကို သက်သာသော နှုန်းထားဖြင့် စွမ်းအင်ဖြည့် ဆည်းပေးနေခြင်း

  • မြန်မာနိုင်ငံတွင် ကွန်တိန်နာ အရေအတွက် အများဆုံး ကိုင်တွယ်ဝန်ဆောင်မှု ပေးနေသော အေးရှားဝေါလ်ဆိပ်ကမ်း

Welcome to Asia World Company

ကျွန်ုပ်တို့အကြောင်း

၁၉၉၂ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ အခြေဆိုက်ဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍကို အဓိက လုပ်ဆောင်သော အေးရှားဝေါလ် ကုမ္ပဏီလီမိတက်သည် ရှေ့ကဦးဆောင်နေသော ကုမ္ပဏီစု တစ်ခု ဖြစ်သည်။ ၂၅နှစ်ကျော် ကာလအတွင်း အဆင့်အတန်းမြင့်သော စွမ်းဆောင်ရည်နှင့် အတူမြန်မာပြည် တစ်ဝှမ်းရှိ အရေးကြီးသော အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးရေး စီမံကိန်းများ ကိုတာဝန်ယူ၍ ပြီးစီးဆောင်ရွက် နိုင်ခဲ့သည့်် မှတ်တမ်းကောင်း များရေးထိုးနိုင်ခဲ့သည်။ ထိုဖွံ့ဖြိုးရေး စီမံကိန်းများတွင် လမ်းများ၊ အဝေးပြေး အမြန်လမ်းများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ လျှပ်စစ်စွမ်းအင်များ နှင့်ဆက်သွယ်ရေး တာဝါတိုင် များပါဝင်သည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက်သည် များစွာသော စီမံကိန်းများဖြင့် မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အဦးများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်အတန်း မြင့်မားမှုကို စတင်ဖော်ဆောင် နိုင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူပြည်သား များကိုအစဉ်အမြဲ ကူညီပံ့ပိုးနေပါသည်။ 
read more

 

နောက်ဆုံးရသတင်းများ

အေးရှားဝေါလ်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ

ဆောက်လုပ်ရေးနှင့် Property Development

အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်း

စွမ်းအင်လုပ်ငန်း

ငွေကြေးလုပ်ငန်း

ကုန်ထုတ်လုပ်ငန်း နှင့် ကုန်သွယ်ရေး

Asia World Foundation

အေးရှားဝေါလ် ကုမ္ပဏီသည် လူမှုအဖွဲ့အစည်းအား ကူညီထောက်ပံ့ရေး သံဓိဌာန်များ ချမှတ်ထားပြီး သဘာဝဘေး အန္တရာယ်ပြန်လည် ထူထောင်ရေး၊ လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ နှင့် ပညာရေးထောက်ပံ့မှု အစီအစဉ်များ အစရှိသည့် ပရဟိတ လုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက် လျက်ရှိပါသည်။ အေးရှားဝေါလ် ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ မြန်မာ ပြည်သူပြည်သားများ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ် နှင့် အရေးပေါ် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိစေရေး ကူညီပေးရန်မှာ ကျွနု်ပ်တို့၏ အဓိက ရည်မှန်းချက်ပင် ဖြစ်ပါသည်။

Read More