နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်၏ ၅၀% ပြည့်မြောက်အောင်မြင်ခြင်းအထိမ်းအမှတ်အား ရွှေစွမ်းအင်ကုမ္ပဏီနှင့် အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစုမှ ဝမ်းမြောက်ဂုဏ်ပြု

နေပြည်တော် - ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် - မြန်မာနိုင်ငံအစိုးရ၏ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားဖြန့်ချိရေး စီမံချက်၏ ၅၀% ပြီးမြောက်အောင်မြင်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုအပ်ပြီး နိုင်ငံအနေဖြင့် သဘာ၀အရင်းအမြစ် စွမ်းအင်အပေါ်ပိုမိုအားထားလာသည်နှင့်အမျှ အားဖြည့်ကူညီဆောင်ရွက်ရန် မျှော်မှန်းလျက်ရှိကြောင်း ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်လျက်ရှိသော အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်မှ ယနေ့ဂုဏ်ပြုပြောကြားလိုက်ပါသည်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ဂုဏ်ပြုခဲ့ သော နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဂုဏ်ပြုအခမ်းအနားတွင် ရွှေစွမ်းအင် ကုမ္ပဏီမှလည်း ပံ့ပိုးပါ၀င်ကာ တက်ရောက်ရခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူမိပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်၏ သတ်မှတ်ချက်များကို မြန်မာနိုင်ငံအစိုးရက အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ပါသည်။

Download Myanmar Press Release Here.

 

 

01

02

03

04

05

06

07

08

09

10

11

12

13

14