Global World Insurance (GWI) ၏ (၇) နှစ်ပြည့်အထိမ်းအမှတ်ဝမ်းမြောက်ဂုဏ်ယူ

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ် - ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်တည်ထောင် ပြီး အထွေထွေအာမခံ နှင့် အသက်အာမခံအမျိုးအစားတို့ကိုသာ ၀န်ဆောင်မှုများဖြင့် စတင်ခဲ့သောGWI သည် ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် (၇) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ GWI ၏ ကနဦးရုံးချုပ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် သိမ်ဖြူလမ်း၊ ပုဇွန်တောင် မြို့နယ်ရှိ ယခင်ကျန်းမာရေး၀န်ကြီးဌာနဟောင်း၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

 


 

ကနဦးတည်‌ထောင်ချိန်တွင် ၀န်ထမ်းပေါင်း ၇ခန့်ဖြင့်စတင်ကာအသက်အာမခံ၊ ကားအာမခံ၊ မီးအာမခံ၊ ငွေသား လုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ သမာဓိအာမခံစသည့် အာမခံခြောက်မျိုးကိုသာ ၀န်ဆောင်မှုပေးနိုင်ခဲ့သော GWI သည် ကုန်လွန်ခဲ့သည့် (၇)နှစ်တာကာလအတွင်း သိသိသာသာ လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လက်ရှိတွင် အာမခံအမျိုးအစားအသီးသီး၌ ကျွမ်းကျင်နှံ့စပ်သော ပညာရှင်များအပါအ၀င် ၀န်ထမ်းပေါင်း ၂၅၈ ဦး နှင့် အာမခံကိုယ်စားလှယ် ၈၀၀ ခန့်တို့ဖြင့် နိုင်ငံတ၀ှမ်းရှိရုံးခွဲများတွင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

Download Myanmar Press Release here.