
ရန်ကုန် - မေလ ၁၉ ရက် ၊ ၂၀၂၀ ခုနှစ် - အေးရှား‌ဝေါလ်ကုမ္ပဏီလုပ်ငန်းစု၏ ဆိပ်ကမ်းလုပ်ငန်းခွဲဖြစ်သော အေးရှား‌ဝေါလ် ဆိပ်ကမ်းစီမံခန့်ခွဲမှု “AWPM” မှ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19  ကို တိုက်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီပေးနိုင်ရန် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဉီးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးနီအောင်နှင့်အဖွဲ့ နှင့် အေးရှား‌ဝေါလ်ဆိပ်ကမ်းစီမံခန့်ခွဲမှုအဖွဲ့တို့မှ တက်ရောက်ခဲ့ကြပါသည်။


Download Myanmar Press Release here.