အေးရှားဝေါလ်လုပ်ငန်းစု၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပပြုလုပ် ယုံကြည်မှု၊ ဆန်းသစ်တီထွင် ဖန်တီးမှုတို့မှတဆင့် မြန်မာနိုင်ငံတွင်း စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်နိုင်ရန် တိုက်တွန်းနှိုးဆော်

နေပြည်တော်၊ မြန်မာ - ဇန်န၀ါရီလ ၂၇ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၏ ရှေ့ဆောင်လုပ်ငန်းစုကြီးတစ်ခုဖြစ်သော အေးရှားဝေါလ်လုပ်ငန်းစု၏ ၂၀၂၀ ခုနှစ်အတွက် ပထမအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းခွဲခေါင်းဆောင်များနှင့်တွေ့ဆုံကာ မိမိကိုယ်ကို ယုံကြည်မှု၊ တီထွင်ဖန်တီးမှုတို့မှတစ်ဆင့် စီးပွား‌ရေးလုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အခွင့်အလမ်းသစ်များ ရရှိလာရေးတို့အတွက် အားထုတ်ကြိုးပမ်းသွားကြ ရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။

 

နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော (၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ကုမ္ပဏီ၏ လုပ်ငန်းခွဲများမှ ခေါင်းဆောင်များ၊ အကြီးတန်းစီမံခန့်ခွဲသူများနှင့် လူငယ်၀န်ထမ်းများအပါအ၀င် ဝန်ထမ်းပေါင်း သုံးရာကျော် ခန့်ကို စတုတ္ထ စက်မှုတော်လှန်ရေး (Industrial 4.0) ဟုခေါ်ဆိုသည့် စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန်၊ ပြုပြင်‌ပြောင်းလဲမှုများကို လက်ခံကြိုဆိုနိုင်သော တိုးတက်ရေးနည်းဗျူဟာများ ရေးဆွဲထားရန် အေးရှားဝေါလ်လုပ်ငန်းစု တည်‌ထောင်သူနှင့် ဥက္ကဌ ဦးထွန်းမြင့်နိုင်က တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

Download Myanmar Press Release Here.

 

gopro

 MG 9280

 MG 9366

 MG 9425

 MG 9490

 MG 9503

 MG 9562

 MG 9723

 MG 9779

 MG 9790

 MG 9966

PR 1