အေးရှားဝေါလ် ကုမ္ပဏီ စိုက်ထူခဲ့သည့် မှတ်တိုင်များ

၁၉၉၂ခုနှစ်
မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် အနာဂတ် နိုင်ငံတော်၏ အကျိုးကို သယ်ပိုးရေး ဟူသော သံဓိဌာန် နှင့်အညီ ဦးထွန်းမြင့်နိုင် သည် အေးရှားဝေါလ် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
၁၉၉၆ ခုနှစ်
ထရိတ်ဒါးဟိုတယ် ဆောက်လုပ်ရေးတွင် တဆင့်ခံ ကန်ထရိုက်တာ အဖြစ် ပါဝင်ခဲ့သည်။
၁၉၉၇ ခုနှစ်
အေးရှားဝေါလ် ဆိပ်ကမ်း၏ ပထမဦးဆုံးသော ဆိပ်ခံတံတား ကိုစတင် အသုံးပြုနိုင်ခဲ့သည်။
၂၀၀၁ ခုနှစ်
မကွေးမြို့တွင် လေယာဉ်ပြေးလမ်းနှင့် ပြည်တွင်းTerminal ကိုတည် ဆောက်လုပ်ခဲ့သည်။
ဟဲဟိုးမြို့ရှိ လေယာဉ်ပြေးလမ်း ချဲ့ထွင်ခြင်း ကိုလုပ်ဆောင်ခဲ့သည်။
၂၀၀၂ ခုနှစ်
လားရှိုးမြို့ရှိ လေယာဉ်ပြေးလမ်း ချဲ့ထွင်ခြင်းကို လုပ်ဆောင်ခဲ့သည်။
၂၀၀၃ ခုနှစ်
နေပြည်တော်လေဆိပ်၏ လေယာဉ်ပြေးလမ်း ဖွံ့ဖြိုးရေးကို လုပ်ဆောင်ခဲ့သည်။
၂၀၀၉ ခုနှစ်
- နေပြည်တော် လေဆိပ် Terminal သစ်တည်ဆောက်ရေး ကိုစတင်ခဲ့သည်။
- သောက်ရေခပ် (၂) ရေအား လျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ခဲ့သည်။
၂၀၁၀ ခုနှစ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ရေရှည် ဝန်ဆောင်မှု ပေးရေးနှင့် ပြန်လည်ပြုပြင်ရေး သဘောတူ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်
နေပြည်တော်လေဆိပ် Terminal ကို ဆောက်လုပ် ပြီးစီးခဲ့သည်။
၂၀၁၂ ခုနှစ်
သောက်ရေခပ် (၂) ရေအား လျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေး ပြီးစီးခဲ့သည်။
၂၀၁၃ ခုနှစ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး စီမံကိန်း တင်ဒါခေါ်ယူမှု အောင်မြင်ခဲ့ တာဝန်ပေးအပ်ခံရသည်။
သောက်ရေခပ် (၂) ရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းအပ်နှံခြင်း ခံရသည်။
၂၀၁၄ ခုနှစ်
အေးရှားဝေါလ် ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သည်။
၂၀၁၅ ခုနှစ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးရေး စီမံကိန်း တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။
လှည်းတန်းစင်တာ ဖွင့်ပွဲကျင်းပခဲ့သည်။
၂၀၁၆ ခုနှစ်
၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် Terminal 1 ကိုဖွင့်လှစ်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်တွင်း လေဆိပ်သစ် Terminal 3 ကိုဖွင့်လှစ်ခဲ့သည်။
၂၀၁၇ ခုနှစ်
Terminal 1 နှင့် Terminal 2 ကို ဆက်သွယ်ပေးမည့် အဆောက်အအုံကို စတင်ဆောက်လုပ်ခဲ့သည်။
ဇူလိုင်လတွင် အေးရှားဝေါလ် ကုမ္ပဏီ၏ ၂၅နှစ် ပြည့် အခမ်းအနား ကျင်းပခဲ့သည်။