ဆောက်လုပ်ရေး လုပ်ငန်းများ

အေးရှားဝေါလ် ကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး သမိုင်းမှတ်တိုင်ကောင်းများ ရှိထားပြီး ဖြစ်ပါသည်။

အေးရှားဝေါလ် ကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ မှတ်တမ်းကောင်း များကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ သောက်ရေခပ် (၂) ရေအား လျှပ်စစ်စက်ရုံ အစရှိသည့် အခြေခံအ ဆောက်အဦး စီမံကိန်းကြီးများ အပြင် အခြားသော လူနေအိမ်ရာများ၊ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အစရှိသည်တို့က သက်သေထူ လျက်ရှိပါသည်။

လူတိုင်း အမိုးအကာ လုံခြုံစွာဖြင့် နေထိုင်ရခြင်းသည် လူသားတိုင်း၏ ရပိုင်ခွင့် ဖြစ်ပြီး အေးရှားဝေါလ် ကုမ္ပဏီသည် မိသားစုတိုင်း အတွက် တည်ဆောက်ပေးထား သော အိမ်များအတွက် အမြဲဂုဏ်ယူ လျက်ရှိပါသည်။ ဖွံ့ဖြိုးတိုးတက် လျက်ရှိသည့် နိုင်ငံအတွက် အခြေခံ အဆောက်အဦများတည်ဆောက်ပေးရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေးကို အေးရှားဝေါလ် အနေဖြင့် အလေးအနက် ထားဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့ တာဝန်ယူ ဆောင်ရွက်သည့် စီမံကိန်းတိုင်းသည် အကောင်းဆုံးရလဒ် များထွက်ပေါ်လာပြီး စိတ်ကျေနပ်မှု အပြည့်အဝရ စေရေးကြိုးစားဆောင်ရွက် လျက်ရှိပါသည်။ အေးရှားဝေါလ်မှ တာဝန်ယူ ဆောင်ရွက်သည့် စီမံကိန်းတိုင်းသည် ကုမ္ပဏီ၏ လုပ်ငန်း ကျွမ်းကျင်မှုကို ထင်ဟပ်နေစေပြီး အထင်ကရဖြစ်နေ စေရန် ရည်ရွယ်ဆောက်လုပ်လျက်ရှိပါသည်။ ဆက်လက်၍လည်း ပိုမိုအဆင့် မြင့်ခမ်းနားသော အဆောက်အဦများဖန်တီး ဆောက်လုပ် သွားမည်ဖြစ်ပါသည်။