ရန်ကုန်၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ် - ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်တည်ထောင် ပြီး အထွေထွေအာမခံ နှင့် အသက်အာမခံအမျိုးအစားတို့ကိုသာ ၀န်ဆောင်မှုများဖြင့် စတင်ခဲ့သောGWI သည် ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် (၇) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ GWI ၏ ကနဦးရုံးချုပ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် သိမ်ဖြူလမ်း၊ ပုဇွန်တောင် မြို့နယ်ရှိ ယခင်ကျန်းမာရေး၀န်ကြီးဌာနဟောင်း၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

 


 

ကနဦးတည်‌ထောင်ချိန်တွင် ၀န်ထမ်းပေါင်း ၇ခန့်ဖြင့်စတင်ကာအသက်အာမခံ၊ ကားအာမခံ၊ မီးအာမခံ၊ ငွေသား လုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ သမာဓိအာမခံစသည့် အာမခံခြောက်မျိုးကိုသာ ၀န်ဆောင်မှုပေးနိုင်ခဲ့သော GWI သည် ကုန်လွန်ခဲ့သည့် (၇)နှစ်တာကာလအတွင်း သိသိသာသာ လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လက်ရှိတွင် အာမခံအမျိုးအစားအသီးသီး၌ ကျွမ်းကျင်နှံ့စပ်သော ပညာရှင်များအပါအ၀င် ၀န်ထမ်းပေါင်း ၂၅၈ ဦး နှင့် အာမခံကိုယ်စားလှယ် ၈၀၀ ခန့်တို့ဖြင့် နိုင်ငံတ၀ှမ်းရှိရုံးခွဲများတွင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

Download Myanmar Press Release here.

 


ရန်ကုန် - မေလ ၁၉ ရက် ၊ ၂၀၂၀ ခုနှစ် - အေးရှား‌ဝေါလ်ကုမ္ပဏီလုပ်ငန်းစု၏ ဆိပ်ကမ်းလုပ်ငန်းခွဲဖြစ်သော အေးရှား‌ဝေါလ် ဆိပ်ကမ်းစီမံခန့်ခွဲမှု “AWPM” မှ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19  ကို တိုက်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီပေးနိုင်ရန် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဉီးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးနီအောင်နှင့်အဖွဲ့ နှင့် အေးရှား‌ဝေါလ်ဆိပ်ကမ်းစီမံခန့်ခွဲမှုအဖွဲ့တို့မှ တက်ရောက်ခဲ့ကြပါသည်။


Download Myanmar Press Release here.


ရန်ကုန်၊ မြန်မာ - ဇွန်လ ၂၉ ရက်၊ ၂၀၂၀ ခုနှစ် -  အေးရှားဝေါလ်ကုမ္ပဏီ (“AWC”) မှ ဖွဲ့စည်းတည်ထောင်ထားသော  ပြည်သူ့ အကျိုးပြုပရဟိတအဖွဲ့အစည်းဖြစ်သည့်  အေးရှားဝေါလ်ဖောင်ဒေးရှင်း (“AWF”) မှ ရန်ကုန်တိုင်းဒေသကြီး၏ ကူးစက်မြန် ကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ရန် ငွေကျပ် သိန်းတစ်ထောင်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ လှူဒါန်း ပေးအပ်ငွေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မှ လက်ခံရယူခဲ့ပါသည်။


Download Myanmar Press Release here. 

1

2

3

4

5

6

7

8

9

10

11

12

13


ရန်ကုန်၊ မြန်မာ - ဇွန်လ ၂၅ ရက်၊ ၂၀၂၀ ခုနှစ် -  အေးရှားဝေါလ်ကုမ္ပဏီ (“AWC”) မှ ဖွဲ့စည်းတည်ထောင်ထားသော  ပြည်သူ့ အကျိုးပြုပရဟိတအဖွဲ့အစည်းဖြစ်သည့်  အေးရှားဝေါလ်ဖောင်ဒေးရှင်း (“AWF”) မှ မန္တလေးတိုင်းဒေသကြီး၏ ကူးစက်မြန်ကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ရန် ငွေကျပ် သိန်းတစ်ထောင်ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ လှူဒါန်းပေးအပ်ငွေကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ လက်ခံရယူခဲ့ပါသည်။ အေးရှားဝေါလ် ဖောင်ဒေးရှင်းသည် လတ်တလော ကျရောက်နေသော ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး နှင့် နိုင်ငံတွင်း သက်ရောက်မှုများကို သိရှိပြီး AWF ၏ မျှော်မှန်းချက် နှင့် တန်ဖိုးထားသော မူ၀ါဒများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက်များကို အမြဲတစေ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါသည်။ 


Download Myanmar Press Release here. 

 

1

2

4

4

5

6

7

8

9

10


ရန်ကုန် - မေလ ၁၉ ရက် ၊ ၂၀၂၀ ခုနှစ် - အေးရှား‌ဝေါလ်ကုမ္ပဏီလုပ်ငန်းစု၏ ဆိပ်ကမ်းလုပ်ငန်းခွဲဖြစ်သော အေးရှား‌ဝေါလ် ဆိပ်ကမ်းစီမံခန့်ခွဲမှု “AWPM” မှ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19  ကို တိုက်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီပေးနိုင်ရန် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဉီးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးနီအောင်နှင့်အဖွဲ့ နှင့် အေးရှား‌ဝေါလ်ဆိပ်ကမ်းစီမံခန့်ခွဲမှုအဖွဲ့တို့မှ တက်ရောက်ခဲ့ကြပါသည်။


Download Myanmar Press Release here. 

 

1

2

3

4

5

6

7

 

 

 

 


နေပြည်တော် - ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် - မြန်မာနိုင်ငံအစိုးရ၏ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားဖြန့်ချိရေး စီမံချက်၏ ၅၀% ပြီးမြောက်အောင်မြင်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုအပ်ပြီး နိုင်ငံအနေဖြင့် သဘာ၀အရင်းအမြစ် စွမ်းအင်အပေါ်ပိုမိုအားထားလာသည်နှင့်အမျှ အားဖြည့်ကူညီဆောင်ရွက်ရန် မျှော်မှန်းလျက်ရှိကြောင်း ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်လျက်ရှိသော အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်မှ ယနေ့ဂုဏ်ပြုပြောကြားလိုက်ပါသည်။