တိုးတက်လာသော နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည် ကဏ္ဍတိုင်း၌ လျင်မြန်စွာ ပြောင်းလဲနေပါသည်။ လျင်မြန်သော စီးပွားရေးတိုးတက်လာမှုနှင့် ဒေသတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အသာစီးရရှိမှုကို အထောက် အကူပြုရန် နိုင်ငံတော်အတွင်း အခြေခံ အဆောက်အအုံများ လိုအပ်ပါသည်။
နိုင်ငံတော်မှ အမှီပြုနိုင်သော စွမ်းအင်ကဏ္ဍ၊ လမ်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များအားဖြင့် နိုင်ငံတော်၏ တိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရသည့်အတွက် ကျွန်ုပ်တို့သည် ဂုဏ်ယူ ဝမ်းမြောက် လျက်ရှိပြီး အဆင့်မြင့်သော ဝန်ဆောင်မှုနှင့် ယုံကြည်အားထား နိုင်မှုများဖြင့် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်နေပါသည်။
နိုင်ငံအတွက် အရေးပါရုံသာမက သန်းပေါင်းများစွာသော ပြည်သူလူထု အတွက် အကျိုးရှိသော အခြေခံ အဆောက်အအုံ အချို့ကို တည်ဆောက်ကာ စီမံဆောင်ရွက် နိုင်ခြင်းအပေါ် ကျွန်ုပ်တို့ အလွန် ဂုဏ်ယူမိပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ အခြေခံ အဆောက်အအုံ စီမံကိန်းများသည် အတွေ့အကြုံသစ်များ ကိုဖွင့်လှစ် ပေးရုံသာမက စီးပွားရေး လုပ်ငန်းများ နှင့် အလုပ်အကိုင်အခွင့် အလမ်းအသစ်များ ကို ဖန်တီးပေးပါသည်။