ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် ရေမြေအနေအထား လွန်စွာကြွယ်ဝသည်။ မြန်မာနိုင်ငံအတွင်း စွမ်းအင်လိုအပ်ချက်ကို ပြည့်မှီနိုင်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေသည်နှင့်အမျှ စွမ်းအင်လုပ်ငန်းအားဖြင့် လူမှုရေးနှင့် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုကို ကျွန်ုပ်တို အမြဲသတိပြုနေပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ နှစ်ပေါင်းများစွာထဲက ထင်ရှားသော မြစ်ကြီးများမှ အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့၏ သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းသည် ထိုမြစ်ကြီးများမှ ရေရှည်တည်မြဲ၍ အသုံးပြုနိုင်သော စွမ်းအင်များကို ထုတ်လုပ်ပြီး သန်းပေါင်း များစွာသော အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အားပေးဝေပြီး ကောင်းမွန်သော လူမှုပတ်ဝန်းကျင် ဖြစ်စေမည်ဟူသော ရည်ရွယ်ချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အနာဂတ်မျိုးဆက်များ အတွက်ပို၍ ကောင်းမွန်သော အနာဂတ်ကိုဖော်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည် လောင်စာသုံးစွမ်းအင်မှ သန့်စင်သောစွမ်းအင်သို့ ပြောင်းလဲနိုင်ရန် ကတိပြုထားပါသည်။
အသေးစိတ် သိရှိလိုပါက www.goldenergymyanmar.com သို့ ဝင်ရောက်စုံစမ်းနိုင်ပါသည်။