လျှပ်စစ်ဓာတ်အား ဖြန့်ဝေခြင်း

ကျွန်ုပ်တို့၏ အဖွဲ့အစည်းသည် စွမ်းအင်ကဏ္ဍ၌ ထုတ်လုပ်ရေးလုပ်ငန်းများသာမက ဖြန့်ဖြူးရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်လွန်စွာကြွယ်ဝပြီး ရေရှည်တည်မြဲ သောစွမ်းအင်ထုတ်လုပ်နိုင်ရန် ကြီးမားသော အခွင့်အရေးကို ပိုင်ဆိုင်ထားသည်။

ကျွန်ုပ်တို့သည် ရေအားလျှပ်စစ် စီမံကိန်းကို သန်းပေါင်းများစွာသော အိမ်ထောင်စုများအား ရေရှည်တည်တံ့သော၊ ပြန်လည်ဖြည့်တင်းပေးနိုင် သော၊ လုံလောက်သော၊ စွမ်းအင်ပေးဝေနိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ်မျိုးဆက်များ အတွက် ပို၍ ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည် လောင်စာသုံးစွမ်းအင်မှ သန့်စင်သောစွမ်းအင်သို့ ပြောင်းလဲနိုင်ရန် သံဓိဌာန် ချထားပါသည်။ ကျွန်ုပ်တို့၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တိုင်းတွင် လူမှု ပတ်ဝန်းကျင်နှင့်ဆိုင်သော အကျိုးသက်ရောက်မှုများအတွက် အဓိကထား၍ စဉ်းစားပါသည်။