အေးရှားဝေါလ်ဖောင်ဒေးရှင်း

ရပ်တည်ချက်

အေးရှားဝေါလ်ကုမ္ပဏီသည် လူမှုအဖွဲ့အစည်းအား ကူညီထောက်ပံ့ရေးသံဓိ ဌာန်များချမှတ်ထားပြီး သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး၊ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ နှင့် ပညာရေးထောက်ပံ့မှုအစီ အစဉ်များအစရှိသည့် ပရဟိတလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်  လျက်ရှိပါသည်။ အေးရှားဝေါလ်ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ မြန်မာပြည်သူပြည်သားများ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် နှင့် အရေးပေါ်လိုအပ်သောအကူအညီ အထောက်အပံ့များ ရရှိစေရေးကူညီပေးရန်မှာ ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်ပင် ဖြစ်ပါသည်။

အကူအညီလိုအပ်နေသည့် မြန်မာနိုင်ငံသားတိုင်းကို အခြေခံအကူအညီအ  ထောက်အပံ့များပေးအပ်လှူဒါန်းရာတွင် အတားအဆီးများကို ကျော်လွှား၍ ကူညီထောက်ပံ့ပေးနေပြီး ၄င်းတို့အနေဖြင့် ပိုမိုကျန်းမာ၍ ဖွံ့ဖြိုးတိုးတက်သော   လူနေမှုဘဝများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤကဲ့သို့ ကူညီထောက်ပံ့ပေးခြင်းအားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ၏ ပိုမို တောက်ပသောအနာဂတ်ကို ကူညီတည်ဆောက်ပေးနိုင်မည်ဟု ယုံကြည်ပါ  သည်။


ဖောင်ဒေးရှင်းမှ ဆောင်ရွက်ပေးသော ကူညီထောက်ပံ့မှုများ

ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေး၊ ပညာရေး နှင့် သဘာဝဘေးအန္တရာယ်ပြန် လည်ထူထောင်ရေးကဏ္ဍများတွင် ပရဟိတလုပ်ငန်းများဆောင်ရွက်လျက် ရှိပါ သည်။

ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်များ မှာ


ကျွန်ုပ်တို့၏ ပရဟိတလုပ်ငန်းများနှင့် လှူဒါန်းမှုများအကြောင်း လေ့လာသိရှိလို ပါက ကျွန်ုပ်တို့၏ Website နှင့် လူမှုစာမျက်နှာ တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။