ဆိပ်ကမ်းလုပ်ငန်း

ဆိပ်ကမ်းလုပ်ငန်းသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ထိပ်တန်းစီးပွားရေး ဈေးကွက်များထဲမှ ကိုယ်စားပြုလုပ်ငန်းတစ်ခုဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ အကြားအဓိက ကုန်သွယ်မှုအတွက် အရေးပါသော ဝင်ပေါက်ထွက်ပေါက်ဖြစ်သည်။

ကုန်သွယ်မှုသည် စီးပွားရေးပြောင်းလဲမှုကို တိုးတက်အောင်မြင်စေသည့် အားလျော်စွာ အေးရှားဝေါလ် ဆိပ်ကမ်းသည် ပြည်တွင်းစီးပွားရေးကို အရေးပါသောဝန်ဆောင်မှုများဖြင့် အဓိက အထောက်အကူပြုပေးပါသည်။ အေးရှားဝေါလ်ဆိပ်ကမ်းကို တည်ဆောက်စီမံခန့်ခွဲ၍ ရရှိလာသော အနှစ်၂၀ကျော် အတွေ့အကြုံကောင်းများဖြင့် ကျွန်ုပ်တို့သည် ပို့ကုန်နှင့် အထွေထွေ ကုန်စည်များကို ဝန်ဆောင်မှုပေးနေသော အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါသည်။

၁၉၉၆ခုနှစ်တွင် ပထမဆုံးသော ဆိပ်ခံတံတားကို ဆောက်လုပ်ခဲ့ခြင်းဖြင့် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်ကို တိုးချဲ့နိုင်ခဲ့ပြီး မကြာမီအနာဂတ်ကာလတွင် မျှော်မှန်ထားသော တိုးတက်လာသည့် ဝယ်လိုအားတောင်းဆိုမှုကို ပြည့်မှီအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ခေတ်မှီယန္တရားများ ဖြစ်သည့် mobile harbor ကရိန်း၊ ship-to-ship (STS) gantry ကရိန်း၊ rubber tyred gantry (RTG) ကရိန်း၊ reach stacker များအပြင် အခြားယန္တရားများကို တပ်ဆင်ထားသည့် အေးရှားဝေါလ်ဆိပ်ကမ်းသည် ရန်ကုန်မြို့၏ အဓိကကျသော နေရာတွင်တည်ရှိနေပြီး ရန်ကုန်မြို့နှင့်စက်ရုံများ တည်ရှိသည့်နေရာများသို့ လွယ်ကူလျှင်မြန်စွာသွားနိုင်ပါသည်။

အချိန်အနည်းငယ်အတွင်း အကျိုးဖြစ်ထွန်ခြင်း၊ မြင့်မားသော အရည်အသွေးများကို ပေးပို့ခြင်း၊ ကျွမ်းကျင်အားထားရသော ဝန်ဆောင်မှုများပေးနိုင်ခြင်း စသည့် နိုင်ငံတကာ အဆင့်မှီစွာ ဝန်ဆောင်မှုပေးမည်ဟူသော ခံယူချက် သံဓိဌာန် ချထားသည်နှင့်အညီ ကျွန်ုပ်တို့သည် ရေကြောင်းကုန်စည် ပို့ဆောင်ရေး စီးပွားရေး လုပ်ငန်းတွင် အသိအမှတ်ပြုခံရပြီး ဖြစ်သည်။ မြန်မာနိုင်ငံသည် အနာဂတ်တွင် တိုးတက်လာမည်ဟု လျာထားခံရပြီး ကုန်စည်စီးဆင်မှု တိုးတက်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ အေးရှားဝေါလ်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ကောင်းမွန်စွာ ထောက်ပံ့နိုင်လိမ့်မည်ဟု ကျွန်ပ်တို့ ဧကန်ယုံကြည်ပါသည်။