Property Development

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ ကုန်သွယ်ရေး၊ retail၊ လူနေ အိမ်ရာများနှင့် ခရီးသွား ဝန်ဆောင်မှု နယ်ပယ်များလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီများလည်း ပိုမိုများပြား လာမည်ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်များအတွင်းတွင် ရန်ကုန်မြို့တွင် ရုံးခန်း ငှားရမ်းလိုမှုများ မြင့်တက် နေခဲ့ပြီး နေရာရှားပါးမှုကြောင့် ငှားရမ်းခများ မြင့်တက်ခဲ့ပါသည်။ အဆိုပါ မြင့်တက်မှု နှင့်အတူ မြို့ပြလူနေမှု ပိုမိုထွန်းကား လာတော့မည့် မြန်မာနိုင်ငံတွင် လူနေအိမ်ရာများလည်း ထပ်မံလိုအပ်နေကြောင်း သိသာထင်ရှား စေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးမှုနှုန်းနှင့် တစ်ပြေးညီ အရည်အသွေး ပြည့်ဝသော လူနေအိမ်ရာများ ဖန်တီးပေး နိုင်ရေးအတွက် တစိုက်မတ်မတ် စွမ်းဆောင် အကောင်အထည်ဖော် ခဲ့ပါသည်။

ရန်ကုန်မြို့၏ အချက်အချာတွင် တည်ရှိနေသော လှည်းတန်းစင်တာသည် နိုင်ငံတကာသံရုံးများ၊ အာရှနိုင်ငံများမှ ထိပ်တန်း အဖွဲ့အစည်းများ၊ နာမည်ရ အမှတ်တံဆိပ်များနှင့် supermarket များ အစရှိသည့် နေရာ ငှားရမ်းသူများ အတွက် အထပ် ၇ ထပ်ရှိသော အဆောက်အဦကိုတည်ဆောက်ထားပြီး ကုန်သွယ်ရေး၊ retail နှင့် လူနေအိမ်ရာများ အစရှိသည်တို့ တည်ရှိနေပါသည်။

အေးရှားဝေါလ် ကုမ္ပဏီသည် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော အခန်း ၁၇၀ ပါရှိသည့် Horizon Lake View Resort နှင့် အခန်း ၈၀ ပါရှိသည့် Myat Taw Win Hotel တို့ကို မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် တည်ဆောက် ထားပြီးဖြစ်ပါသည်။ Horizon Lake View Resort သည် ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သော ASEAN conference သို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များကို ဧည့်ခံကြိုဆိုခဲ့သည့် National Guest House Project ၏ တစ်စိတ်တစ်ဒေသ လည်းဖြစ်ပါသည်။