ကျွန်ုပ်တို့အကြောင်း

၁၉၉၂ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ အခြေဆိုက်ဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍကို အဓိက လုပ်ဆောင်သော အေးရှားဝေါလ် ကုမ္ပဏီလီမိတက်သည် ရှေ့ကဦးဆောင်နေသော ကုမ္ပဏီစု တစ်ခု ဖြစ်သည်။ ၂၅နှစ်ကျော် ကာလအတွင်း အဆင့်အတန်းမြင့်သော စွမ်းဆောင်ရည်နှင့် အတူမြန်မာပြည် တစ်ဝှမ်းရှိ အရေးကြီးသော အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးရေး စီမံကိန်းများ ကိုတာဝန်ယူ၍ ပြီးစီးဆောင်ရွက် နိုင်ခဲ့သည့်် မှတ်တမ်းကောင်း များရေးထိုးနိုင်ခဲ့သည်။ ထိုဖွံ့ဖြိုးရေး စီမံကိန်းများတွင် လမ်းများ၊ အဝေးပြေး အမြန်လမ်းများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ လျှပ်စစ်စွမ်းအင်များ နှင့်ဆက်သွယ်ရေး တာဝါတိုင် များပါဝင်သည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက်သည် များစွာသော စီမံကိန်းများဖြင့် မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အဦးများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်အတန်း မြင့်မားမှုကို စတင်ဖော်ဆောင် နိုင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူပြည်သား များကိုအစဉ်အမြဲ ကူညီပံ့ပိုးနေပါသည်။ အေးရှားဝေါလ် ကုမ္ပဏီလီမိတက်သည် ၎င်း၏ လုပ်ငန်းအသီးသီးတွင် ဝန်ထမ်းစုစုပေါင်း ၆၈၀၀ ဦးခန့်ထားပြီး လုပ်ငန်းများကို ဦးဆောင်ဦးရွက် ပြုနိုင်ရန် သင်တန်းများ ပို့ချပေးရုံ သာမက နိုင်ငံတကာမှ အကြံပေး ပုဂ္ဂိုလ်များနှင့် အတူလက်တွဲ လုပ်ခြင်းအားဖြင့်လည်း အတွေ့အကြုံ ဗဟုသုတကောင်း များကိုလည်း ရရှိစေပါသည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက်၏အခြေခံအဆောက်အဦး များဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းခွဲ များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အေးရှားဝေါလ် ဆိပ်ကမ်းစသည့် ထင်ရှားသော အဆောက်အဦးများကို ဆောက်လုပ်ပေးရုံ သာမက လုပ်ငန်း လည်ပတ်စေရန် စီမံခန့်ခွဲမှု လုပ်ငန်းများ ကိုလည်း လုပ်ကိုင်ဆောင်ရွက် နေပါသည်။ စီမံခန့်ခွဲ ဆောင်ရွက်နေသော လေဆိပ် နှစ်ခုလုံး၌ နှစ်စဉ် ခရီးသည် သန်းပေါင်းများစွာ ကိုဝန်ဆောင်မှု ပေးနေပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်ပ ခရီးသည်အဆောက်အဦ အမှတ် (၁) Terminal 1 ကိုလည်းကောင်း၊ ဒီဇင်ဘာလ၌ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်တွင်း ခရီးသည် အဆောက်အဦအမှတ် (၃) Terminal 3 ကိုလည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဖွင့်လှစ် လိုက်သော Terminal အသစ်များအားဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် သန်းပေါင်း ၂၀ ကိုဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ငါးသန်းမြောက်သော ခရီးသည်ကို ကြိုဆိုနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်၏ ခရီးသည် ဦးရေ ၁.၉၉ သန်း မှ ၁၅၁% ကိုတိုးမြှင့် လာခဲ့သည်။

အေးရှားဝေါလ် ကုမ္ပဏီ အဖွဲ့အစည်းသည် ကောင်းမွန်ကြံ့ခိုင်သော လေဆိပ်ဆောက်လုပ်ရေး အတွေ့အကြုံများဖြင့် ဆယ်စုနှစ် တစ်ခု ကျော်ကာလအတွင်း ဆက်လက် တည်ဆောက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏လေကြောင်း ခရီးစဉ်များကို တိုးချဲ့ခြင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ ပို့ဆောင် ဆက်သွယ်ရေးနှင့် နိုင်ငံတော်၏ ဝင်ငွေကို တဘက်တစ်လမ်းမှ အထောက်အကူ ပြုနေမည်ဖြစ်သည်။


 


ယနေ့တွင် အေးရှားဝေါလ် ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ကွန်တိန်နာ ဝင်ထွက်မှုများကို လုံလောက်စွာ ဝန်ဆောင်မှု ပေးနေပါသည်။ အေးရှားဝေါလ် ကုမ္ပဏီ၏ အဆိုပါ အခြေခံ အဆောက်အအုံ များသည် နိုင်ငံတကာမှ ခရီးသည်များနှင့် ကုန်ပစ္စည်း ဝင်ထွက်မှုကို ကြိုဆိုနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာမှုကို အထောက်အကူ ပြုရုံသာမက စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ် များကို ဖန်တီးပေးနေပါသည်။

အေးရှားဝေါလ် ကုမ္ပဏီ၏သောက်ရေခပ်(၂) ရေအားလျှပ်စစ် စီမံကိန်းသည် လိုအပ်နေသည့် အိမ်ထောင်စု ထောင်ပေါင်း များစွာကို လျှပ်စစ်မီး ထုတ်ဝေပေးပြီး မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူမှုဘဝများကို တိုးတက်စေပြီး အာဆီယံ ဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ ကျေးလက်ဒေသရှိ အိမ်ထောင်စုခန့်မှန်းခြေ သုံးပုံတစ်ပုံခန့် ကိုနေရှင်နယ် ဂရိတ်ဖြင့် လျှပ်စစ်မီး ရရှိစေခဲ့သည်။

အေးရှားဝေါလ် ကုမ္ပဏီ၏ တာဝန်သိ စီးပွားရေး လုပ်ငန်းဖြစ်စေရေးနှင့် အကျိုးရှိသော ပေးလှူမှုများ ပြုလုပ်မည် ဟူသော ကတိခံယူချက်နှင့် အညီ လူမှုအဖွဲ့အစည်း အတွက် အဓိပ္ပာယ်ရှိ၍ ထိရောက်သော အကျိုးပြုလုပ်ငန်း များကို အစဉ်တစိုက် တက်ကြွစွာ လုပ်ဆောင်နေပါသည်။ ပညာရေး၊ကျန်းမာရေးနှင့် လူမှုအကျိုးပြု လုပ်ငန်းများ စသည့်ကဏ္ဍများ၌ လှူတန်းမှု များပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ လူမှုဘဝ ပတ်ဝန်းကျင် တိုးတက်လာစေရေး အတွက်ပို၍ အကျိုးပြုနိုင်ရန် ၂၀၁၄ ခုနှစ်တွင် အေးရှားဝေါလ် ဖောင်ဒေးရှင်း ကိုဖွဲ့စည်းခဲ့ပါသည်။

 

အစိုးရ၏ ညွှန်ကြားချက်များအား ပူးပေါင်းပါဝင်မှု

အေးရှားဝေါလ် ကုမ္ပဏီသည် ၎င်း၏ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်း လည်ပတ်မှုများတွင် ကမ္ဘာ့အဆင့်အတန်းနှင့် အညီ ပွင့်လင်းမြင်သာမှုရှိ စေရန်နှင့် အစိုးရ၏ ညွှန်ကြားချက် များတွင် ပူးပေါင်းပါဝင်ရန် ဂတိပြုထားသည်။ လုပ်ငန်းအဖွဲ့အစည်း ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ရိုးသားဖြောင့်မတ်မှု၊ တာဝန်ခံမှုနှင့် စဉ်းစားဆင်ခြင် မှုများဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေပါသည်။ ဖော်ပြပါ အချက်များဖြင့် အေးရှားဝေါလ် ကုမ္ပဏီသည် နိုင်ငံတကာ စီမံခန့်ခွဲမှုနှင့် လက်တွေ့ ကျင့်သုံးချက် စနစ်များဖြင့် လုပ်ငန်းများကို စီမံလုပ်ဆောင်နေပါသည်။

၂၀၁၅ ခုနှစ်တွင် အေးရှားဝေါလ် ကုမ္ပဏီသည် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ကုမ္ပဏီ၏ဖွဲ့စည်းပုံနှင့် ညီညွတ်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် အေးရှားဝေါလ် ကုမ္ပဏီအတွင်း အကျင့်ပျက်ခြစားမှု ပပျောက်ရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် (CSR) လုပ်ငန်းလုပ်ဆောင်မှုများ အောင်မြင်စွာ ပြီးစီး၍ စီမံခန့်ခွဲ အုပ်ချုပ်နိုင်မှု သေချာစေရန်ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီရှိ အောက်ခြေဝန်ထမ်း များမှစ၍ စီမံခန့်ခွဲမှု အဆင့်ရှိ ဝန်ထမ်းများအား လုပ်ငန်းနည်းလမ်းများ နှင့်မူဝါဒများကို လိုက်နာစေရန် သီးခြားအဖွဲ့အစည်း များရှိ ကျွမ်းကျင်ပညာရှင်များ ကစီမံခန့်ခွဲ၍ ပို့ချသော သင်တန်းများကို တက်ရောက်စေပါသည်။

ထိုသင်တန်းများကို အေးရှားဝေါလ် ကုမ္ပဏီရှိ ဝန်ထမ်းအားလုံးသို့ ပို့ချပေးပြီး အများပြည်သူ လေ့လာနိုင်စေရန် အဖွဲ့အစည်း၏ ဝက်ဆိုက်တွင် ဖော်ပြထားပါသည်။ ဝက်ဆိုက်၌လည်း အေးရှားဝေါလ် ကုမ္ပဏီနှင့် ကုမ္ပဏီခွဲများ၏ စီးပွားရေးဆိုင်ရာ သတင်းများ အပြင်ဥက္ကဌ၏ ထင်မြင်ချက်များ၊ အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ကိုဖေါ်ပြထားပါသည်။