လေဆိပ်

နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အသွင်ပြောင်း မှုများပြုလုပ် ပြီးဖြစ်သော မြန်မာ နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ရင်းနှီးချစ်ကြည်မှု ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် မတူညီသော ယဉ်ကျေးမှုများ များပြားစွာ တည်ရှိနေသည်ဖြစ်ရာ ခမ်းနားလှပသော စေတီ ပုထိုးများ တည်ရှိရာ ပုဂံ၊ ရင်သပ်ရှု မောဖွယ်လှပသော အင်းလေးကန်၊ သဘာ၀ အလှတရားများ ပြည့်နှက်နေသော ငပလီ၊ ငွေဆောင် ကမ်းခြေများ အစရှိသည့် ခရီးသွားများ လာရောက်လည်ပတ်ချင်စဖွယ် နေရာ အများအပြားလည်း တည်ရှိ နေပါသည်။ မြန်မာနိုင်ငံသည် စီးပွားရေး အရသာမက အပန်းဖြေစရာ နေရာတစ်ခု အနေနှင့်ပါ ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ခရီး သွားဧည့်သည်များကို ပထမဆုံး ခရီးဦးကြိုပြုရာ တံခါးပေါက်များဖြစ်ပါသည်။ ပြည်တွင်း ကုမ္ပဏီတစ်ခု အနေဖြင့် ကျွန်ုပ်တို့သည် နိုင်ငံပုံရိပ် မြှင့်တင်နိုင်ရန် နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သော လေဆိပ် စီမံကိန်းများကို တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ကုမ္ပဏီခွဲ များဖြစ်သည့် Pioneer Aerodrome Services Co., Ltd နှင့် Yangon Aerodrome Co., Ltd တို့သည် နေပြည်တော်လေဆိပ် နှင့် ရန်ကုန် လေဆိပ်တို့ကို အသီးသီး စီမံခန့်ခွဲ ဝန်ဆောင်မှုပေးလျက်ရှိပြီး ခရီးသည် များအား စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုပေးစွမ်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်လျက် ရှိပါသည်။

ကျွန်ုပ်တို့၏ လေကြောင်းနယ်ပယ် ဆိုင်ရာ ပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းအတွေ့ အကြုံသည် ၂၀၀၁ ခုနှစ်တွင် စတင် တာဝန်ယူ တည်ဆောက်ခဲ့သည့် မကွေးမြို့ ၏ လေယာဉ် ပြေးလမ်းကြောင်းနှင့် ပြည်တွင်း Terminal တို့မှ အစပြုခဲ့ပြီး ထိုစီမံ ကိန်းများမှ တစ်ဆင့် လုပ်ငန်း အတွေ့အကြုံများ သင်ယူစုဆောင်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေး စီမံကိန်းဆောင် ရွက်ရာတွင် ၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြည်ပြည်ဆိုင်ရာ Terminal ဖြစ်သော Terminal 1 နှင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်တွင်း Terminal ဖြစ်သော Terminal 3 တို့ကို မြန်ဆန်စွာ တည်ဆောက် ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅.၉၂ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး မြန်မာ နိုင်ငံ၏လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အညီ အသစ် တည်ဆောက်ထားသော Terminal များသည် များပြားလာမည့် ခရီးသည်များကို ဝန်ဆောင်မှု ပေးနိုင်ရန် အသင့်ရှိနေပါသည်။ ခရီးသည်ပေါင်း သန်း ၂၀ အထိ ဝန်ဆောင်မှု ပေးနိုင်ရန် တည်ဆောက်ထားသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာ သည်နှင့်အညီ နိုင်ငံတကာအဆင့််မီ ဝန်ဆောင်မှုများပေး နိုင်ရန်မျှော်မှန်း တည်ဆောက်ထားခြင်းဖြစ်ပါသည်။ အသေးစိတ်အချက် အလက်များ သိရှိလိုပါက www.yangonairport.aero သို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

 

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport Domestic Terminal

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Yangon International Airport

Nay Pyi Taw International Airport

Nay Pyi Taw International Airport