နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Pioneer Aerodrome Services Company Limited (“PAS”) မှ တာဝန်ယူတည် ဆောက်ခဲ့ခြင်းဖြစ်ပြီး အကြီးစား စီမံကိန်းများကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်သည့် အေးရှားဝေါလ်၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ ရင့်သန်မှုကို ထင်ဟပ်ပြသ နေပါသည်။ Pioneer Aerodrome Services Company Limited သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်အား နိုင်ငံတစ်ဝှမ်းနှင့် ကမ္ဘာတစ်ဝှမ်းချိတ် ဆက်ပေးနေပြီး တစ်နှစ်လျှင် ခရီးသည်သန်းပေါင်း ၃.၅ သန်းအထိ ဝန်ဆောင်မှု ပေးနိုင်ရေး မျှော်မှန်း တည်ဆောက်ထားသော နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပေးစွမ်းနေနိုင် ပြီဖြစ်ပါ သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် ထိုအပြည်ပြည်ဆိုင်ရာလေ ဆိပ်မှတစ်ဆင့် နိုင်ငံတကာမှ ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက်ကြသော ကမ္ဘာ လုံးဆိုင်ရာ အခမ်းအနား များကိုလည်း နေပြည်တော်တွင် အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားများတွင်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ၂၇ကြိမ်မြောက် SEA Games၊ အမေရိကန်သမ္မတ အိုဘားမားနှင့် အခြားထိပ်သီး ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသော ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး စသည်တို့ ပါဝင်ခဲ့ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
၂၀၀၃ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟောင်းကို ပြန်လည် တည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၁၀ နောက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ရေရှည် ဝန်ဆောင်မှုပေးရေးနှင့် ပြန်လည်ပြုပြင်ရေး သဘောတူစာချုပ်ကို PAS ၏လုပ်ဆောင်နိုင်စွမ်းဖြင့် ချုပ်ဆိုနိုင်ခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နိုင်ငံ၏ အဓိက ဝင်ပေါက် ထွက်ပေါက် တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဖက် ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် လေဆိပ်၌ ခရီးသည် ၅.၉၂ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း တိုးတက်မှု မြန်ဆန်သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာသည် သာမက ဆက်လက်၍ တိုးတက်လာရန် မျှော်မှန်းထားပါသည်။
၂၀၁၃ ခုနှစ်တွင် PAS ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၏ မျှော်မှန်းထားသော လေကြောင်း ခရီးစဉ် တိုးမြှင့် ပြေးဆွဲနိုင်ရေး နှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် အလွန်အရေးပါသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး စီမံကိန်း တင်ဒါခေါ်ယူမှုတွင် အောင်မြင်စွာ အနိုင်ရခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် Terminal 1 ကိုဖွင့်လှစ်နိုင်ခဲ့ပြီး ကိုးလအကြာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦ Terminal 3 ကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ နှစ်စဉ်ခရီးသည် သန်း ၂၀ ကို ဝန်ဆောင်မှု ပေးနိုင်ရန် လေဆိပ်ကို ကမ္ဘာ့အဆင့်မှီ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း မှုတို့ကို အထောက်အကူ ပြုပေးပါသည်။ အသေးစိတ် သိရှိလိုပါက www.yangonairport.aero တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။