အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ အငူမော် - မောင်တောလမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်း-၁ ကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်အား အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်း


UEHRD ၏ လမ်းညွှန်ချက်နှင့်အညီ အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဖောက်လုပ်လှူဒါန်းလျက်ရှိသော အငူမော် – မောင်တောလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ပွင့်လင်းရာသီတွင် ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဒေသခံများ၏ စီမံကိန်းအပေါ် ခံယူချက်အတွေးအမြင်အချို့ကို တင်ပြလိုက်ရပါတယ်။


UEHRD ၏ လမ်းညွှန်မှုနှင့်အညီ အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဖောက်လုပ်လှူဒါန်းဆောင်ရွက်လျက်ရှိသော အငူမော် – မောင်တောလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ပွင့်လင်းရာသီတွင် ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။


အေးရှားဝေါလ်ကုမ္ပဏီမှ ဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြုအဖွဲ့ခွဲဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတစ်ဝန်း ကောင်းမွန်သောလူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ ၂၀ ကြိမ်မြောက် အရှေ့တောင်အာရှ အသက် (၂၀)နှစ် အောက် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲကို အဓိက ပံ့ပိုးသူအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံကျင်းပလျက်ရှိပါသည်။

မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အဆိုပါအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ အားကစားပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံအတွင်းကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်းများအဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ၂ သင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ ကိုယ်စားပြုအသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ကိုယ်စားပြုဘော်လီဘောအသင်းကြီး အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ပါစေကြောင်း အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။