Asia World Foundation fulfill the needs of local communities along the upgraded Angumaw - Maungdaw Road

အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ အငူမော် - မောင်တောလမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

အေးရှားဝေါလ်ကုမ္ပဏီ မှ ဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် UEHRD ၏ လမ်းညွှန်မှု နှင့်အညီ ရခိုင်ပြည်နယ် မောင်တောဒေသ ဖွဲ့ဖြိုး တိုးတက်ရေးအတွက် အငူမော် - မောင်တောလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို မည်သည့်အကျိုး အမြတ်မျှရယူခြင်းမရှိပဲ လှူဒါန်း ဆောင်ရွက်လျက်ရှိရာ လမ်းအဆင့်မြှင့်တင်ရေးသာမက အငူမော် - မောင်တောလမ်းတစ်လျှောက်မှ ဒေသခံပြည်သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုလည်း   ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အေးရှားဝေါလ်ဖောင်ဒေးရှင်း သည် အငူမော် - မောင်တောလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကာလအတွင်း ဒေသခံများ၏ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ဘောသုံးစီးတစ်ပြိုင်နက် ဆိုက်ကပ်နိုင်သည့် ကုန်တင်ကုန်ချဆိပ်ကမ်း အသစ်တည်ဆောက်ခြင်း၊ ဒေသခံများလွယ်ကူစွာသွားလာနိုင်ရန် ဆိပ်ကမ်းတံတား၊ ကျေးရွာဒေသခံများအတွက် သောက်သုံးရေကန်နှင့် ဆည်ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာဒေသခံများအတွက် ဘုရားကုန်း စောင်းတန်း ကွန်ကရစ်လှေခါးတည်ဆောက်ခြင်း၊ ကျေးရွာများအတွင်းရှိလမ်းများအား ကွန်ကရစ်လမ်းခင်းပေးခြင်း၊ ရေမြောင်းတံတားတည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ အတွက် အငူမော် - မောင်တောလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ စာသင်ကျောင်းများ ပြုပြင်မွမ်းမံခြင်း၊ စာကြည့်တိုက်များတည်ဆောက်ပေးခြင်း၊ အခမဲ့ဆေးကုသပေးခြင်း၊ကျေးရွာဆေးပေးခန်းများသို့ ဆေးဝါးများ လှူဒါန်းခြင်း နှင့် အိမ်သာများ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အေးရှားဝေါလ်ဖောင်ဒေးရှင်း အနေဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍ များတွင် ပါဝင် ကူညီဆောင်ရွက်ပေးနိုင်သည့်အတွက် အထူးပင် ဂုဏ်ယူမိပါသည်။ အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းလျက်ရှိပါသည်။

01

02

03

04

05

06

07

08

09

10

11

12

13

14