နေပြည်တော်၊ မြန်မာ - ဇန်န၀ါရီလ ၂၇ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၏ ရှေ့ဆောင်လုပ်ငန်းစုကြီးတစ်ခုဖြစ်သော အေးရှားဝေါလ်လုပ်ငန်းစု၏ ၂၀၂၀ ခုနှစ်အတွက် ပထမအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းခွဲခေါင်းဆောင်များနှင့်တွေ့ဆုံကာ မိမိကိုယ်ကို ယုံကြည်မှု၊ တီထွင်ဖန်တီးမှုတို့မှတစ်ဆင့် စီးပွား‌ရေးလုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အခွင့်အလမ်းသစ်များ ရရှိလာရေးတို့အတွက် အားထုတ်ကြိုးပမ်းသွားကြ ရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။

 

နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော (၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ကုမ္ပဏီ၏ လုပ်ငန်းခွဲများမှ ခေါင်းဆောင်များ၊ အကြီးတန်းစီမံခန့်ခွဲသူများနှင့် လူငယ်၀န်ထမ်းများအပါအ၀င် ဝန်ထမ်းပေါင်း သုံးရာကျော် ခန့်ကို စတုတ္ထ စက်မှုတော်လှန်ရေး (Industrial 4.0) ဟုခေါ်ဆိုသည့် စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန်၊ ပြုပြင်‌ပြောင်းလဲမှုများကို လက်ခံကြိုဆိုနိုင်သော တိုးတက်ရေးနည်းဗျူဟာများ ရေးဆွဲထားရန် အေးရှားဝေါလ်လုပ်ငန်းစု တည်‌ထောင်သူနှင့် ဥက္ကဌ ဦးထွန်းမြင့်နိုင်က တိုက်တွန်းပြောကြားသွားခဲ့ပါသည်။


နေပြည်တော်၊ မြန်မာနိုင်ငံ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် - Horizon Lake View Resort ("HLVR") သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် နှစ်နိုင်ငံကြားဆက်ဆံရေး (သို့) "ပေါက်ဖော်" ချစ်ကြည်ရေး ပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ကို ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 


ကြီးကျယ်ခမ်းနားလှသည့် ပထမဆုံးအကြိမ် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနားကြီးကို SURBANA JUROND MYANMAR မှ ကြီးမှူးပြီး AJ Myanmar နှင့် Myat Padonmar Co.,Ltd တို့မှ လက်တွဲပူးပေါင်းကာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Strand Hotel တွင် ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် (အင်္ဂါနေ့)တွင် ထိုင်၀မ်ရှိ National Chengchi တက္ကသိုလ်မှ MBA ကျောင်းသား၊ကျောင်းသူများအား အေးရှားဝေါလ်ကုမ္ပဏီ “Asia World Group of Companies” မှ လက်ခံကြိုဆိုခဲ့ပါသည်။


အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဂုဏ်ယူစွာဖြင့် အဓိကကူညီပံ့ပိုးထားသော တတိယအကြိမ်မြောက် အသက် ၂၃နှစ်အောက် အာရှ အမျိုးသား ဘော်လီဘောပြိုင်ပွဲအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားကွင်း၌ အောင်မြင်စွာ ကျင်းပပြီးစီး


ရန်ကုန် - သြဂုတ်လ ၈ ရက်၊ ၂၀၁၉ ခုနှစ် - အေးရှားဝေါလ်ကုမ္ပဏီ (“အေးရှားဝေါလ်” သို့မဟုတ် “လုပ်ငန်းစု”) မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးမစ်ရှင် (“FFM”) မှ ထုတ်ပြန်ခဲ့ သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ ပါဝင်သည့် အစီရင်ခံစာကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ပါသည်။