မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအား အေးရှား‌ဝေါလ်ကုမ္ပဏီမှ ဂုဏ်ယူစွာပါ၀င်ပံ့ပိုးကူညီ

ကြီးကျယ်ခမ်းနားလှသည့် ပထမဆုံးအကြိမ် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနားကြီးကို SURBANA JUROND MYANMAR မှ ကြီးမှူးပြီး AJ Myanmar နှင့် Myat Padonmar Co.,Ltd တို့မှ လက်တွဲပူးပေါင်းကာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Strand Hotel တွင် ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်အား ပြည်တွင်းရှိ လုပ်ငန်းရှင်များသာမက နိုင်ငံတကာလုပ်ငန်းရှင်များနှင့်လည်း စီးပွားရေး ချိတ် ဆက်လုပ်ကိုင်မှုများ ရရှိလာစေပြီး အရေးပါသောကဏ္ဍများဖြစ်သည့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တု တူးဖော်‌‌ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းနယ်ပယ်များ မြှင့်တင်နိုင်စေရန်နှင့်အတူ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းမှတစ်ဆင့် ဒေသစီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန် အဓိကရည်ရွယ်လျက် ယခုပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

 

အဆိုပါရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနားကို မွန်ပြည်နယ်၀န်ကြီးချုပ်၊ ‌ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားပြီးနောက်တွင် Surbana Jurong Myanmar မှ Managing Director ဖြစ်သူ Mr. Lee Leong Seng မှ ဆက်လက် အမှာစကား ပြောကြားပေးခဲ့ပါသည်။

မွန်ပြည်နယ်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေး၊ လူမှုစီးပွားရေးတိုးတက်ရေးနှင့် စီးပွားရေးတစ်ရပ်လုံး ဟန်ချက်ညီညီတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးကဏ္ဍအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်၀င်ရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကျွန်တော် အနူးအညွတ် တိုက်တွန်းလိုပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ပြည်နယ်အတောအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု လွယ်ကူအဆင်ပြေချောမွေ့ဖို့အတွက် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်၀န်ကြီးချုပ်၊ ဒေါက်တာအေးဇံမှ ပြောကြားသွားခဲ့ပါသည်။

 

အဆိုပါ နှစ်ရက်တာကြာမြင့်သည့် ပြပွဲအခမ်းအနားကို ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများနှင့် စိတ်ပါ၀င်စား သူများ စုစုပေါင်း ၃၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးတို့မှ ဟောပြောသူများမွန်ပြည်နယ်အပေါ်ခြုံငုံလေ့လာသုံးသပ်ချက်များမှတစ်ဆင့် ဗဟုသုတများရရှိခဲ့ကာ ဟောပြောသူများ ရှင်းလင်းတင်ပြသွားသည့်အကြောင်းအရာများမှတစ်ဆင့် မွန်ပြည်နယ်မဟာစီမံကိန်း၂၀၃၅၊ စိုက်ပျိုးရေး နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် တွေ့ကြုံနေရသည့် အခက်အခဲအတားအဆီးများ၊ ခရီးသွားလုပ်ငန်းကဏ္ဍ ၏ အလားအလာကောင်းမွန်မှု နှင့် အခွင့်အလမ်းကောင်းများအပြင် အခြား စိတ်၀င်စားဖွယ်များကိုလည်း လေ့လာသိရှိမှတ်သားခဲ့ကြရပါသည်။

ထို့အပြင် ယခုအခမ်းအနား၏ စိတ်၀င်စားဖွယ်အကောင်းဆုံးအပိုင်းဖြစ်သောမွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တွေ့ကြုံရမည့် အခွင့်အလမ်းကောင်းများနှင့် အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးသည့် Panel Discussion ကို စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်‌ဆက်သွယ်ရေး၀န်ကြီးဦးထွန်း‌‌ဌေး၊ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှု၀န်ကြီးဦးလှထွန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဦး၀ဏ္ဏကျော်၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်‌ရေး ၀န်ကြီးဦးမင်းကျော်လွင် နှင့် လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးထွန်းမင်းအောင်တို့မှ ဆွေးနွေးတင်ပြသွားပြီး World Bank Myanmar မှ စွမ်းအင်ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဦးမျိူးမြင့်မှ moderator အနေဖြင့် ဒုတိယမြောက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးမှုအတွင်း တက်‌ရောက်လာကြသည့် ဧည့်သည်တော်များအနက်မှ အချို့ကလည်း မိမိတို့ သိလိုသည်များကို မေးမြန်းကြရာတွင် ပါ၀င်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

ပြည်တွင်း ၊ ပြည်ပ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ‌အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အေးရှား‌ဝေါလ်ကုမ္ပဏီ Corporate Communications ဌာနနှင့် ‌အေးရှား‌ဝေါလ် ကုမ္ပဏီခွဲများ ဖြစ်သည့် Global World Insurance “GWI” နှင့် Asia World Industries “AWI” တို့မှ တာ၀န်ရှိသူများလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အေးရှား‌ဝေါလ်ကုမ္ပဏီအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ အလားအလာရှိသော အရင်းအမြစ်များကို လေ့လာသွားနိုင်ရုံသာမက တစ်ချိန်တည်းမှာပင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံများကို လေ့လာသွားနိုင်သည့် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲကြီးအား ပံ့ပိုးကူညီသူတစ်ဦး (Diamond Sponsor)အနေဖြင့် ပါ၀င်ခွင့်ရသည့်အတွက် အထူးပင် ဂုဏ်ယူ၀မ်းမြောက် မိပါသည်။ ဆက်လက်၍လည်း အေးရှား‌ဝေါလ်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတစ်၀ှမ်းရှိ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေးစီမံကိန်းများတွင် ပါ၀င်ကူညီသွားနိုင်ရန် သံဓိဌာန်ချမှတ်ထားပြီး ဖြစ်ပါသည်။


 

 MG 5486

 MG 5461

 MG 5626

 MG 5633

 MG 5670

 MG 5418

 MG 5756

 MG 5567

 MG 5908

 MG 5673