တတိယအကြိမ်မြောက် အသက် ၂၃နှစ်အောက် အာရှ အမျိုးသား ဘော်လီဘောပြိုင်ပွဲအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နေပြည်တော်၌ အောင်မြင်စွာ ကျင်းပပြီးစီး

အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဂုဏ်ယူစွာဖြင့် အဓိကကူညီပံ့ပိုးထားသော တတိယအကြိမ်မြောက် အသက် ၂၃နှစ်အောက် အာရှ အမျိုးသား ဘော်လီဘောပြိုင်ပွဲအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားကွင်း၌ အောင်မြင်စွာ ကျင်းပပြီးစီး

အဆိုပါ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

Photo: - Thet Paing (MVF)