National Chengchi တက္ကသိုလ်မှ MBA ကျောင်းသား၊ကျောင်းသူများအား အေးရှားဝေါလ်ကုမ္ပဏီမှ လက်ခံကြိုဆို

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် (အင်္ဂါနေ့)တွင် ထိုင်၀မ်ရှိ National Chengchi တက္ကသိုလ်မှ MBA ကျောင်းသား၊ကျောင်းသူများအား အေးရှားဝေါလ်ကုမ္ပဏီ “Asia World Group of Companies” မှ လက်ခံကြိုဆိုခဲ့ပါသည်။

အဆိုပါကျောင်းသား၊ကျောင်းသူများအား အေးရှားဝေါလ်ကုမ္ပဏီ Corporate Communications ဌာနမှ တာဝန်ရှိသူများ နှင့် YACL ၊ Strategy ဌာနအကြီးအကဲတို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 3 တွင် လက်ခံကြိုဆိုခဲ့ကြပါသည်။

လာရောက်လေ့လာကြသောကျောင်းသား၊ ကျောင်းသူများအားနိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန် အေးရှားဝေါလ်ကုမ္ပဏီ၏ စီးပွားရေးဆောင်ရွက်ချက်များ အထူးသဖြင့် အခြေခံအဆောက်အအုံလုပ်ငန်းပိုင်းဆိုင်ရာနှင့် ပက်သက်၍ AWC က ရှင်းလင်းတင်ပြခဲ့ပါသည်။ ကျောင်းသူကျောင်းသားများအနေဖြင့်လည်း အဆိုပါရှင်းလင်းတင်ပြချက်များမှ တစ်ဆင့် အေးရှားဝေါလ်ကုမ္ပဏီသည် မိမိတို့ဝန်ထမ်းများအား အရည်အသွေးမြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးမှု၊ ကျွမ်းကျင် ပညာရှင် များ ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလည်ပတ်မှုစနစ်နှင့် စက်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်မှုများမှ တစ်ဆင့် ၎င်းတို့၏ မျှော်မှန်းချက်နှင့် ဦးတည်ချက်များဆီသို့ ရောက်ရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို လေ့လာမှတ်သားခဲ့ရပါသည်။  

အေးရှားဝေါလ်ကုမ္ပဏီအနေဖြင့် Chengchi တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများအား လက်ခံကြိုဆိုပြီး ၎င်းတို့၏ အရှေ့တောင်အာရှဒေသတွင်းရှိ ‌ဒေသတွင်းစီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာမှုများအား လေ့လာမှုတွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီခွင့်ရခဲ့သည့်အတွက် အထူးပင်  ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။

 

 MG 4569

 MG 4590

 MG 4591

 MG 4597

 MG 4601

 MG 4607

 MG 4616

 MG 4618

 MG 4623

 MG 4643