Asia World Foundation's donation of a Basic Education High School building in Thayat Kone -1 Village, Naung Cho Township, Northern Shan State

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်း-၁ ကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်အား အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်း

 

အေးရှားဝေါ(လ်)ဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန်ဘွေး ပညာရေးနယ်မြေ သရက်ကုန်း-၁ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပညာရေးဝန်ကြီးဌာနသို့ ဇန်နဝါရီလ ၂၉ ရက်နေ့ ကလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အခမ်းအနားကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင် ၊ နောင်ချိုမြို့နယ် ပညာရေးမှူး ဒေါ်မီမီကျော် နှင့် သရက်ကုန်း-၁ ကျေးရွာ အထက်တန်းကျောင်းခွဲ မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းညွန့်ညွန့် တို့က တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

သရက်ကုန်းကျေးရွာ အထက်တန်းကျောင်းတွင် စာသင်ခန်းလိုအပ်ချက်ရှိနေခဲ့ရာ ဆရာဆရာမများနှင့် ကျေးရွာမှ ကျောင်းသား ကျောင်းသူများ အတွက် ယခင်က ပညာသင်ကြားရေးတွင် အခက်အခဲများကြုံတွေ့ခဲ့ရပါသည်။ အေးရှားဝေါ(လ်) ဖောင်ဒေးရှင်း မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်အသစ် မှာ အလျား ၂၀၄ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ ရှိ RC တစ်ထပ်ကျောင်းဆောင်ဖြစ်ပါသည်။ ယခုဖွင့်လှစ်လိုက်သော ကျောင်းဆောင်သစ်တွင် သိပ္ပံခန်း တစ်ခန်း၊ ခန်းမ ၃ ခန်း၊ စာသင်ခန်း ၄ ခန်း၊ ဆရာဆရာမများ နားနေခန်း ၁ ခန်းနှင့် ကွန်ပြူတာ စာကြည့်တိုက် ၁ ခန်း တို့အပါအဝင် အခန်းပေါင်း ၁၀ ခန်းပါရှိပါသည်။ ဆက်လက်၍ အေးရှားဝေါလ် ဖောင်ဒေးရှင်းမှ ကျောင်းဆောင်သစ်အတွက် လိုအပ်သော ပရိဘောဂများ နှင့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာ ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

အေးရှားဝေါ(လ်)ဖောင်ဒေးရှင်း အနေဖြင့်လည်း ယခုကဲ့သို့ ကျေးရွာ၏ ပညာရေးအခွင့်အလမ်းများကို ပံ့ပိုးပေးပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်သည့်အတွက် အထူးပင် ဂုဏ်ယူမိပါသည်။ အေးရှားဝေါ(လ်)ဖောင်ဒေးရှင်း သည် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပျက်ဆောင်ရွက်ရန် မျှော်မှန်းလျက်ရှိပါသည်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20