UEHRD ၏ လမ်းညွှန်ချက်နှင့်အညီ အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဖောက်လုပ်လှူဒါန်းလျက်ရှိသော အငူမော် – မောင်တောလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ပွင့်လင်းရာသီတွင် ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဒေသခံများ၏ စီမံကိန်းအပေါ် ခံယူချက်အတွေးအမြင်အချို့ကို တင်ပြလိုက်ရပါတယ်။
ဒေါ်သိန်းသိန်းယု
အလယ်တန်းပြဆရာမ ၊ အင်းဒင်ကျေးရွာ
ကျွန်မ ဒီရွာကို တာဝန်စကျတုန်းက လမ်းပန်းဆက်သွယ်ရေးက တအားခက်ခဲတာ။ စစ်တွေကလာရင် အငူမော်မှာ တစ်ညအိပ်ရတယ်။ မနက်မိုးလင်းမှ ဒီအင်းဒင်ကို ရောက်တာ။ အခုဆို အင်းဒင် နဲ့ အငူမော်ကို ၄၅ မိနစ်စာပဲရှိတာ။ သွားရ လာရ တကယ်အဆင်ပြေတယ်။
ဦးမြင့်ရွှေ ၊ စီးပွားရေးလုပ်ငန်းရှင်
ဒီလမ်းသာ လုံးလုံးပြီးသွားရင် ၇၀% နဲ့ ၈၀% တော့ ဒီလမ်းပဲ အားကိုးပြီးသွားမယ်လို့တော့ ကျွန်တော်မြင်မိတယ်။
ဦးအောင်ကျော်ဇံ
လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ဒီလမ်းကြီး လာရောက်အဆင့်မြင့်တင်ဖောက်လုပ်လှူဒါန်းမှုကို ကြိုဆိုတယ်လို့ပဲ ပြောရမှာပေါ့။ UEHRD ဆိုတဲ့စီမံကိန်းကြီးကို နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဦးမောင်ပု
အုပ်ချုပ်ရေးမှူး၊ ကျောက်ပန္ဒူကျေးရွာ
အခု ဒီလမ်းပြီးမြောက်သွားတဲ့အခါ မောင်တော နဲ့ ကျောက်ပန္ဒူဆိုရင် တစ်နာရီပဲရှိတော့တယ်ဗျ။ အငူမော်လည်း အဲဒီလိုဖြစ်သွားတော့ ဒီလမ်းဖြစ်မြောက်ရေးအတွက် ကျွန်တော်က တအားဝမ်းသာပါတယ်။ ဒီလိုဟာမျိုး ကျွန်တော်တို့ဘဝမှာ တစ်ခါမှလည်း ရင်ထဲမှာမရှိခဲ့ပါဘူး။ အေးရှားဝေါလ်ကုမ္ပဏီက လာပြီးတော့ ဒီလိုလမ်းတွေဖောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
လမ်းအသုံးပြုသူဒေသခံတစ်ဦး
ဒီလမ်းပြီးရင် ခရီးသည်တွေ ပိုအဆင်ပြေပါတယ်။ ကားခတွေ လျှော့ချဖို့ အစီအစဉ်လည်းရှိပါတယ်။ အခု တစ်သောင်းနှုန်းနဲ့ဆိုရင် အဲဒီအချိန်လောက်ဆိုရင် ခုနစ်ထောင်နှုန်းလောက်ပဲကျမှာပါ။
ဦးစိုးအောင်
အုပ်ချုပ်ရေးမှူး ၊ မောင်တောခရိုင်
တစ်ရွာနဲ့ တစ်ရွာ သွားရေးလာရေး အင်မတန်လွယ်ကူသွားတာပေါ့နော်။ ကျွန်တော်တို့ဆီမှာ စာသင်ကျောင်းဆိုလည်း ရွာ တိုင်းမရှိနိုင်ဘူး။ စာသင်ကျောင်းရှိတဲ့ရွာကို ကလေးတွေကျောင်းလာတက်မယ်ဆိုလည်း ပညာရေးအနေနဲ့ အင်မတန်မှ ကောင်းမွန်သွားပါမယ်။