ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လမ်းညွှန်မှုနှင့်အညီ အေးရှားဝေါလ်ကုမ္ပဏီ၏ ပရဟိတအဖွဲ့အစည်းဖြစ်သော  အေးရှားဝေါလ်ဖောင်ဒေးရှင်းသည်ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေး  ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား Public – Private Partnership ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။


COMPANY UPDATE BY ASIA WORLD COMPANY LTD.

၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးဘေးသင့်ခဲ့သော လပ္ပတ္တာမြို့ နှင့် နမ့်ဆန်မြို့တို့ရှိ မီးဘေးသင့်ပြည်သူများအား အေးရှားဝေါလ်ဖောင်ဒေးရှင်းအဖွဲ့  များမှ သွားရောက်လှူဒါန်းခဲ့ပါသည်။