COMPANY UPDATE BY ASIA WORLD COMPANY LTD.
၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးဘေးသင့်ခဲ့သော လပ္ပတ္တာမြို့ နှင့် နမ့်ဆန်မြို့တို့ရှိ မီးဘေးသင့်ပြည်သူများအား အေးရှားဝေါလ်ဖောင်ဒေးရှင်းအဖွဲ့ များမှ သွားရောက်လှူဒါန်းခဲ့ပါသည်။
အေးရှားဝေါလ်ကုမ္ပဏီမှ ဝန်ထမ်းများ၊ Asia World Port Management Co. Ltd., မှ ဝန်ထမ်းများ၊ ရွှေစွမ်းအင်ကုမ္ပဏီမှ ဝန်ထမ်းများ နှင့် Yangon Aerodrome Co. Ltd တို့မှ ဝန်ထမ်းများသည် ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် လပ္ပတ္တာမြို့ နှင့် ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် နမ့်ဆန်မြို့ တို့သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
မီးဘေးသင့်အိမ်ထောင်စုပေါင်း ၃၃၂ စုခန့်ရှိသော လပ္ပတ္တာမြို့တွင် အေးရှား ဝေါလ်ဖောင်ဒေးရှင်းနှင့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲများမှ ဆန်၊ စားသုံး ဆီ၊ ပဲ၊ အသင့်စားခေါက်ဆွဲခြောက်စသည့် အစားအသောက်များနှင့် မီးဖိုချောင်သုံးပစ္စည်းများအား ကျိုက်ထီးရိုးဘုန်းတော်ကြီးကျောင်း နှင့် လူငယ်အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးစင်တာတို့ရှိ မီးဘေးသင့်ပြည်သူ သို့ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း မြန်မာကျပ်ငွေ ၆.၆၄ သန်း နှင့် ကျပ် တစ်သန်းတို့ ကိုလည်း မီးဘေးသင့်အိမ်ထောင်စုများနှင့် လူငယ်အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာတို့ကို လှူဒါန်းခဲ့ပါသည်။
နမ့်ဆန်မြို့တွင် အစားအသောက်များ၊ အမိုးအကာများ၊ စာအုပ်များနှင့် ကျောင်း သုံးပစ္စည်းများကို မီးဘေးသင့်ပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများ အား လှူဒါန်းခဲ့ကြပါသည်။ အေးရှားဝေါလ်အဖွဲ့သည် အေးရှားဝေါလ်ကုမ္ပဏီမှ ၂၀၁၀ ခုနှစ်တွင် လှူဒါန်းမှုများပြုလုပ်ခဲ့ဖူးသော နမ့်ဆန်ဆေးရုံကိုလည်း သွား ရောက်ခဲ့ကြပြီး လှူဒါန်းမှုများလိုအပ်နေခြင်းရှိ၊ မရှိ လေ့လာခဲ့ကြပါသည်။
အေးရှားဝေါလ်ဖောင်ဒေးရှင်းနှင့် အေးရှားဝေါလ်ကုမ္ပဏီခွဲများ၏ ကြိုးပမ်းအား ထုတ်လှူဒါန်းမှုများသည် သဝဘေးအန္တရာယ်ကျရောက်သောဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည်ဟု မျှော် လင့်ပါသည်။ လပ္ပတ္တာဒေသခံများ၊ နမ့်ဆန်ဒေသခံများနှင့် အေးရှားဝေါလ်ကုမ္ပ ဏီဝန်ထမ်းများအားလုံးကို အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ကျေးဇူးတင်ပါ သည်။