အေးရှားဝေါလ် ကုမ္ပဏီမှ ဖွဲ့စည်း တည်ထောင်ထားသော ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်သည့် အေးရှားဝေါလ် ဖောင်ဒေးရှင်းမှ မည်သည့်အကျိုးအမြတ်မျှ ရယူခြင်းမရှိဘဲ လှူဒါန်း ဆောင်ရွက်နေသော ရခိုင်ပြည်နယ်ရှိ အငူမော် - မောင်တောလမ်း အဆင့် မြှင့်တင်ရေး စီမံကိန်း၏ ပထမလမ်းပိုင်း အငူမော် - ကိုးတန်ကောက် လမ်းပိုင်း (၂၁ ကီလိုမီတာ) အား ဖောက်လုပ် ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်ရန် UEHRD ၏ လမ်းညွှန်မှုနှင့်အညီ အေးရှားဝေါလ် ဖောင်ဒေးရှင်း သည် အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မှ စတင် ဆောင်ရွက်ခဲ့ပါသည်။
အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ ပထမလမ်းပိုင်း အငူမော် - ကိုးတန်ကောက် လမ်းပိုင်း (၂၁ ကီလိုမီတာ) ဖွင့်ပွဲအခမ်းအနားအား မေလ ၁ ရက်တွင် အငူမော်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
Certificate of honour by UEHRD for Asia World Foundation' for donating Angumaw - Kotankauk road segment as part of Angumaw - Maungtaw road upgrading project