Asia World Foundation is proud to support the 20th Southeast Asian Men's U 20 Volleyball Championship

အေးရှားဝေါလ်ကုမ္ပဏီမှ ဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြုအဖွဲ့ခွဲဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတစ်ဝန်း ကောင်းမွန်သောလူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ ၂၀ ကြိမ်မြောက် အရှေ့တောင်အာရှ အသက် (၂၀)နှစ် အောက် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲကို အဓိက ပံ့ပိုးသူအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံကျင်းပလျက်ရှိပါသည်။

မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အဆိုပါအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ အားကစားပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံအတွင်းကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်းများအဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ၂ သင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ ကိုယ်စားပြုအသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ကိုယ်စားပြုဘော်လီဘောအသင်းကြီး အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ပါစေကြောင်း အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Download Press Release[MM]

Download Press Release[ENG]

 

 20th southeast asian mens u 20 volleyball