ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှုပေးခဲ့သည့် (၃) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေး နှင့် ကျန်းမာရေးထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ နှင့် ဒေသခံများထံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။


Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊    အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွပူးပေါင်း ပါဝင်ပေးကြပါသော သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။





  • ပြည်သူ့လွှတ်တော်၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ စီမံကိန်းလုပ်ငန်းများ၊ ရသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့ (၁၁) အဖွဲ့ဝင်များ နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ အေးရှားဝေါလ်ဆိပ်ကမ်းသို့ သြဂုတ်လ ၂၆ ရက်တွင် လာရောက်လေ့လာ