ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှုပေးခဲ့သည့် (၃) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေး နှင့် ကျန်းမာရေးထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ နှင့် ဒေသခံများထံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ သွားရောက်လေ့လာခဲ့မှုများအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်နေ့များတွင် Yangon Aerodrome Company Limited ၏ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်မှု ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပတ်ဝန်းကျင်ရှိ ကျောင်းများမှ ပညာရေးအထောက်အပံ့လိုအပ်နေသော ကလေးငယ် တစ်ထောင်ကျော်အတွက် ပညာရေးထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ YACL ၏ လူထုအကျိုးပြုပရဟိတလုပ်ငန်းများကို အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော လူထုအကျိုးပြုပရဟိတလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရာတွင် အရေးပါဆုံးဖြစ်သည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်ဟု YACL အနေဖြင့် ယုံကြည်ပါသည်။