Myanmar National Airlines ရဲ့ ခရီးစဉ်သစ်တစ်ခုဖြစ်တဲ့ ရန်ကုန် - ချန်ဒူး တိုက်ရိုက်ခရီးစဉ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။ ဒီတိုက်ရိုက်ခရီးစဉ်သစ်ကို Myanmar National Airlines က တစ်ပတ် (၃) ရက် ပြေးဆွဲပျံသန်းပေးသွားမှာဖြစ်ပါတယ်။

Myanmar National Airlines ရဲ့ ခရီးစဉ်သစ်တိုးချဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူအပ်ပါတယ်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ခြောက်သန်းမြောက်ခရီးသည်အဖြစ် ကံထူးရှင်ခရီးသည် မဝင်းဝင်းအေးနှင့်မိသားစုကို Singapore Airlines နှင့်အတူ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြိုဆိုခဲ့ပါသည်။


Sichuan Airlines ရဲ့ ခရီးစဉ်သစ်တစ်ခုဖြစ်တဲ့ ရန်ကုန် - ဟန်ကျိုး တိုက်ရိုက်ခရီးစဉ်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။ ဒီတိုက်ရိုက်ခရီးစဉ်သစ်ကို Sichuan Airlines က တစ်ပတ် (၃) ရက် ပြေးဆွဲပျံသန်းပေးသွားမှာ ဖြစ်ပါတယ်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား အကောင်းမွန်ဆုံးခရီးသွားအတွေ့အကြုံများပေးစွမ်းနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ “Left Baggage Service” ကို ယနေ့မှ၍ ဖွင့်လှစ်ထားရှိပါသည်။


နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ငါးသန်းမြောက်ခရီးသည်ကြိုဆိုခြင်းအခမ်းအနားနှင့်အတူ YACL ၏ CEO Mr. Ho Chee Tong နှင့် COO Mr. Jose Angeja တို့မှ မီဒီယာများနှင့်  တွေ့ဆုံပြီး ယခု လက်ရှိအချိန်ကာလအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အဆင့်မြှင့်တင်ထားမှုများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ငါးသန်းမြောက် ခရီးသည်အဖြစ် All Nippon Airways လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် ကံထူးရှင်ခရီးသည် Mr. Yuji Terauchi ကို All Nippon Airways လေကြောင်း လိုင်းနှင့်အတူ နိုဝင်ဘာလ ၁၅ ရက်တွင် ကြိုဆိုခဲ့ပါသည်။