ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်လာသော ၃၁ ခုမြောက်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Sichuan Airlines ၏ ခရီးစဉ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။


ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးစီးပြုလုပ်သော မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) Terminal 3 တွင် အောက်တိုဘာလ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ ကြပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အောက်တိုဘာလ ၃၁ ရက်နေ့ ့ညနေပိုင်းတွင် Neos လေကြောင်းလိုင်း၏ ပထမဆုံးဆင်းသက်လာသော ခရီးစဉ်သစ်တစ်ခုကို ကြိုဆိုခဲ့ကြပါသည်။

ကြိုဆိုပွဲအခမ်းအနားကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E Mrs. Alessandra Schiavo ၊ Neos လေကြောင်းလိုင်း၏ Traffic Rights and Sales Director Ms. Ilaria Toia နှင့် Yangon Aerodrome Company Limited (YACL) ၏ ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့ တက်ရောက်ခဲ့ကြပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းမှာ 9Air ရဲ့ပထမဆုံးဆင်းသက်လာသော ခရီးစဉ်သစ်တစ်ခုကို ကြိုဆိုခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၏ စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ 9Air ဟာ ရန်ကုန်မြို ့နှင့် ကွမ်ကျိုးမြို့အကြား တစ်ပတ်လျှင် ၄ ကြိမ် ပျံသန်းပေးမှာဖြစ်ပါတယ်။


သီတင်းကျွတ်အားလပ်ရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ့မှာ ကျင်းပခဲ့တဲ့ “Discover Austria” မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

"Discover Austria” ကို လေကြောင်းလိုင်းများ၊ ခရီးသွားလာရေးဘုတ်အဖွဲ့များ၊ ခရီးသွားကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 နှင့် ကားရပ်နားရာ နေရာကို တိုက်ရိုက်ဆက်သွယ်ထားသည့် Link Bridge အား အများပြည်သူအသုံးပြုနိုင်ရေးအတွက် အောက်တိုဘာလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါသည်။