ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးစီးပြုလုပ်သော မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) Terminal 3 တွင် အောက်တိုဘာလ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ ကြပါသည်။
ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အတူ မြန်မာနိ်ုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တရုတ်အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံကုန်သွယ်ရေးအဖွဲ့အစည်းများ၊ တရုတ်လေကြောင်းလိုင်းများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ၊ တရုတ်မီဒီယာများ၊ ICBC Bank ၊ YACL နှင့် ITA မှ တာဝန်ရှိသူများ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် duty-free အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော RGS မှ တာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။