သီတင်းကျွတ်အားလပ်ရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ့မှာ ကျင်းပခဲ့တဲ့ “Discover Austria” မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
"Discover Austria” ကို လေကြောင်းလိုင်းများ၊ ခရီးသွားလာရေးဘုတ်အဖွဲ့များ၊ ခရီးသွားကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့သားများအနေနဲ့ သြစတြီးယားနိုင်ငံမှ လေကြောင်းလိုင်းများ၊ ခရီးသွားလာရေးဘုတ်အဖွဲ့များ၊ ခရီးသွားအေဂျင်စီများနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပံ့ပိုးခဲ့ပါတယ်။