ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 နှင့် ကားရပ်နားရာ နေရာကို တိုက်ရိုက်ဆက်သွယ်ထားသည့် Link Bridge အား အများပြည်သူအသုံးပြုနိုင်ရေးအတွက် အောက်တိုဘာလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မှ ဆိုက်ရောက်၊ ထွက်ခွာ အပြည်ပြည်ဆိုင်ရာခရီးသည်များအနေဖြင့် အဆိုပါ Link Bridge ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ခရီးသည်များ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရုံအတွက်သာမက ဘေးကင်းလုံခြုံမှုရှိစေရေးကိုပါ ဦးတည်ရည်ရွယ်၍ တစ်ပြိုင်တည်း ပေးစွမ်းသွားနိုင်မည်ဖြစ်ပါသည်။
Download Myanmar Press Release here.
Download English Press Release here.