ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အောက်တိုဘာလ ၃၁ ရက်နေ့ ့ညနေပိုင်းတွင် Neos လေကြောင်းလိုင်း၏ ပထမဆုံးဆင်းသက်လာသော ခရီးစဉ်သစ်တစ်ခုကို ကြိုဆိုခဲ့ကြပါသည်။
ကြိုဆိုပွဲအခမ်းအနားကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E Mrs. Alessandra Schiavo ၊ Neos လေကြောင်းလိုင်း၏ Traffic Rights and Sales Director Ms. Ilaria Toia နှင့် Yangon Aerodrome Company Limited (YACL) ၏ ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
အီတလီလေကြောင်းလိုင်းတစ်ခုဖြစ်သော Neos လေကြောင်းလိုင်းသည် ရန်ကုန် - မီလန် ခရီးစဉ်ကို တစ်ပတ် တစ်ကြိမ် ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ပါသည်။
Flight Schedule (Local Time)
Flight No. NO 279
Route MXP – CAG – PQC – RGN - MXP
STA 1500
STD 1600
Day Wednesday
Download Myanmar Press Release here.
Download English Press Release here.