Yangon International Airport - YIA performs Airports Council International's Apex Programme for its safety enhancement

 04 APEX

YACL Team together with APEX Team celebrating a Commitment Declaration for compliance with ACI

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) သည် Airports Council International (ACI) ၏ APEX Programme အရ စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး စစ်ဆေးအကဲဖြတ်မှုများ၊ လေယာဉ် ဆိုက်ကပ်ရပ်နားရာ ဧရိယာရှိ လေဆိပ်အဆောက်အအုံများ၊ ကယ်ဆယ်ရေး၊ မီးသတ်ဝန်ဆောင်မှု နှင့် ဘေးအန္တရာယ် ကင်းရှင်းရေ းစီမံခန့်ခွဲမှုစနစ်တို့ကို အကဲဖြတ်စစ်ဆေးသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မှုကို လက်ခံကြိုဆို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (YACL) ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ လက်ရှိတွင် ကျင့်သုံးနေသော ဘေးအန္တာရာယ် ကင်းရှင်းရေးဆိုင်ရာ စံနှုန်းများနှင့်တကွ အနာဂတ်တွင် လိုအပ်လာမည့်စံနှုန်းအချက်များပေါ် အခြေခံ၍ ေလဆိပ်၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အစရှိသည့် လိုအပ်သော ဖြည့်တင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ပြုလုပ်နိုင်ရန် အဆိုပါ အကဲဖြတ် စစ်ဆေးရေးအဖွဲ့အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါသည်။

APEX team တွင် ကနေဒါနိုင်ငံ Montreal ရှိ ACI ရုံးချုပ် ၊ Bangalore အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် အိန္ဒိယရှိ ဒေလီ အပြည် ပြည်ဆိုင်ရာလေဆိပ်( Airports of Mauritius Co Ltd) နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ရှိ San Antonio အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ လေဆိပ် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး နှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင် ရာ နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်ပါသည်။

YACL သည် ACI နှင့်အတူ ပိုမိုကောင်းမွန်သော ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လေဆိပ်ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ကြိုးပမ်းလျှက်ရှိရာတွင် ၎င်းတို့၏ ရည်ရွယ်ထားကြသည့် လေဆိပ်လုပ်ငန်းများကို စီမံခန့်ခွဲ လုပ်ကိုင်ရာတွင် ထင်ရှားကျော်ကြားမှုနင့် အတူ အသိအမှတ်ပြုခံရဆုံးဖြစ်သော Airport Operations Management Programmes (APEX) အရ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း ကြေငြာချက် ထုတ်ပြန်နိုင်ခဲ့ပါသည်။

 

Download Myanmar Press Release here.

Download English Press Release here.

 

01 APEX 02 APEX 03 APEX 05 APEX