အေးရှားဝေါလ်ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို နေပြည်တော်ရှိ Horizon Lakeview Resort Hotel တွင် ဇန်နဝါရီလ ၁၉ရက်နေ့ မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော အေးရှားဝေါလ်ကုမ္ပဏီ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကုမ္ပဏီ၏ လုပ်ငန်းခွဲများမှ ခေါင်းဆောင်များ၊ အကြီးတန်းစီမံခန့်ခွဲသူများနှင့် လူငယ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းခွဲ ၁၁ ခုမှ ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့သော အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို တင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းအစီစဉ်များကို ဆက်လက်တင်ပြခဲ့ကြပါသည်။
ထိုအစည်းအဝေးတွင် ဖိတ်ကြားထားသော ပြင်ပဧည့်သည်တော်နှစ်ဦးမှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ ့ဖြိုးတိုးတက်မှုနှင့့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် ၄င်းတို့၏ ထင်မြင်ချက်များကို မျှဝေပြောကြားခဲ့ပါသည်။
အစည်းအဝေး၏ ဒုတိယနေ့ Panel Discussion အစီအစဉ်တွင် ဖိတ်ကြားထားသော ဧည့်သည်တော်နှစ်ယောက်အပါအဝင် အေးရှားဝေါလ်ကုမ္ပဏီ၏ ခေါင်းဆောင်များမှ တိုးတက်လာသော မြန်မာ့စီးပွားရေးနှင့် ပြုပြင်ပြောင်းလဲလျက်ရှိသော နိုင်ငံရေးအခြေအနေများမှ ကြုံတွေရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို မီးမောင်းထိုးပြကာ ဆွေးနွေးပြောကြားခဲ့ပါသည်။
Download Myanmar Press Release.
Download English Press Release.