Asia World Group of Companies (AWC) is proud to have been the Silver Sponsor for Invest Myanmar Summit 2019

နေပြည်တော်တွင် ကျင်းပခဲ့သည့် Invest Myanmar Summit 2019 တွင် အေးရှားဝေါလ်ကုမ္ပဏီမှ Silver Sponsor အနေဖြင့် ဂုဏ်ယူစွာပါဝင်ခဲ့ပြီး အဆိုပါအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။


အဆိုပါအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ ရင်းနှီးမြှုပ်နှံမှှုင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းမြင်ကွင်းများကိုသိရှိပြီး ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများဖော်ဆောင်ပေးရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။


အဆိုပါအခမ်းအနားသည် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေမှုကိုလည်း ထင်ဟပ်ပြသလျက်ရှိပါသည်။


အဆိုပါအခမ်းအနားတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးဆယ်ခုမှ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်နေသော လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထူးခြားသည့် ဝိသေသလက္ခဏာ များ၊ အခြေခံအဆောက်အအုံ၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်သည့် အားသာချက်များကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။


ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လွန်ခဲ့သည့်နှစ်လေးဆယ်အတွင်း မိမိတို့ဒေသသည် ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးအတိုးတက်ဆုံးဒေသတစ်ခုဖြစ်ခဲ့ကြောင်း၊ ထိုသို့ လျင်မြန်သည့် အာဆီယံနိုင်ငံများနှင့် ကျန်အာရှနိုင်ငံများအကြား ကုန်သွယ်မှုဆက်ဆံရေးအသစ်များကို ဦးဆောင်ဖန်တီးပေးခဲ့သကဲ့သို့ နည်းပညာအသစ်များ တီထွင်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့ပြီး ပြည်သူများ၏ အတွေးအခေါ်အယူအဆများ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၊ ရင်းနှီး မြှုပ်နှံမှုများကို ဒေသတွင်းလွယ်ကူလျင်မြန်စွာ၊ ချောမွေ့စွာ ရွှေ့ပြောင်းနိ်ုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တက်ရောက်လာခဲ့သော ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ပြောကြားခဲ့ပါသည်။


နှစ်ရက်ကြာကျင်းပခဲ့သော အဆိုပါအခမ်းအနားတွင် အေးရှားဝေါလ်ကုမ္ပဏီမှ မြန်မာနိ်ုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများကို ခင်းကျင်းပြသခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိ်ုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း၊ ရခိုင်ပြည်နယ်ရှိ အငူမော် - မောင်တောလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းများကို ခင်းကျင်းပြသခဲ့ ပါသည်။

 

 MG 3236

 MG 3252

 MG 3284

 MG 3287

 MG 3379

 MG 3146

viber image2