အေးရှားဝေါလ်ကုမ္ပဏီ၏ နှစ်ဝက်အထွေထွေအစည်းအဝေး ကျင်းပပြီးစီး

အေးရှားဝေါလ်ကုမ္ပဏီ၏ နှစ်ဝက်အထွေထွေအစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View Resort တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပါသည်။

ကုမ္ပဏီအတွင်း အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးရန်နှင့် အေးရှားဝေါလ်ကုမ္ပဏီရှိ လုပ်ငန်းခွဲများ၏ အောင်မြင်မှု မှတ်တိုင်များအား အသိပေးမျှဝေရန် အဆိုပါ ခုနှစ်ကြိမ်မြောက် အထွေထွေအစည်းအဝေးအား နှစ်ရက်ကြာကျင်းပခဲ့ပြီး လုပ်ငန်းခွဲ အသီးသီးမှ ခေါင်းဆောင်များ၊ အကြီးတန်း စီမံခန့်ခွဲသူများ၊ လူငယ်ဝန်ထမ်းများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် အေးရှားဝေါလ် ကုမ္ပဏီ၏ Corporate Communications ဌာန၏ ဦးဆောင်မှုဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ပူးပေါင်းလှူပ်ရှားမှု အစီအစဉ်များတွင်လည်း ပျော်ရွင်စွာ ပါဝင်ခဲ့ကြပါသည်။

“အခုလို နှစ်ဝက်အထွေထွေအစည်းအဝေးကျင်းပတာဟာ အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစုအတွင်းမှာ ရှိစေချင်တဲ့ အတူအကွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ထင်ဟပ်ပြသနေတာပါပဲ။ လုပ်ငန်းခွဲအသီးသီးက လုပ်ငန်းဆိုင်ရာ တင်ပြမှုတွေ လုပ်ဆောင်ခဲ့ကြပြီး အသင်းအဖွဲ့စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ပူးပေါင်းလှူပ်ရှားမှု အစီအစဉ်တွေမှာ တက်တက်ကြွကြွပါဝင်ပြီး ကုမ္ပဏီအတွင်းရှိ လုပ်ဖော်ကိုင်ဖက်အချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေပါတယ်။ အခုအစည်းအဝေး ပြီးဆုံး သွားရင်လည်း လုပ်ငန်းခွင်အတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြပြီး စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြဖို့ လိုပါတယ်။” ဟု အေးရှားဝေါလ် ကုမ္ပဏီ ဥက္ကဌဦးထွန်းမြင့်နိုင်မှ ပြောကြားခဲ့ပါသည်။