၂၀၁၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၆ရက်
အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်၏ လတ်တလောအကြောင်းအရာ
ရန်ကုန်- ၂၀၁၆ခုနှစ် ၊ ဖေဖေါ်ဝါရီလ၊ ၁၁ ရက် -အေးရှားဝေါလ်ကုမ္ပဏီ လီမိတက်သည် (“AWC” နှင့်တကွ ၎င်း၏ ကုမ္ပဏီ ခွဲများအဖွဲ့) သည် ၂၀၁၅ခုနှစ်အတွက် နှစ်စဉ်အစည်းအဝေးကို ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ၊ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ပါသည်။
နှစ်စဉ်အစည်းအဝေးသို့ ကုမ္ပဏီအဖွဲ့၏ စီမံခန့်ခွဲရေး အဆင့်ရှိ ဝန်ထမ်း ၁၅၀ဦးခန့် တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီအသီးသီးမှ ၎င်းတို့၏ ၂၀၁၅ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့်အရာများနှင့် ၂၀၁၆ခုနှစ်အတွက် လုပ်ဆောင်မည့် အစီအစဉ်များကို တင်ပြခဲ့ကြသည်။
ဤအစည်းအဝေးသည် တာဝန်နှင့် စီမံကိန်းမျာအရ မြန်မာနိုင်ငံအနှံ့သို့ ရောက်ရှိနေသော စီမံခန့်ခွဲမှုအဆင့်ရှိ ဝန်ထမ်းများအတွက် မိမိတို့ လုပ်ဆောင်ခဲ့သည့်အရာများကို တင်ပြနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါသည်။
မြင့်မားသော အဆင့်အတန်းရှိသည့် လူ့ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုဖြင့် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်စီမံခန့်ခွဲမည်ဟု သံဓိဌာန် ချထားသည့် အေးရှားဝေါလ်ကုမ္ပဏီသည် ပြင်ပကျွမ်းကျင် အဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ ဖိတ်ခေါ် ခဲ့သည်။
၁။ KPMG advisory LLP (Singapore)နှင့် လုပ်ငန်းပူးပေါင်းလုပ်ဆောင်သူ Mr. Owen Hawkes မှ နှစ်နာရီကြာ Corporate Social Responsibility (“CSR”) မူဝါဒဆိုင်ရာ သင်ခန်းစာနှင့် အမေးအဖြေ ကဏ္ဍကို ဦးဆောင်ခဲ့သည်။
Opening Address by U Htun Myint Naing
Update on Airport business
Update on Port business
Update on Thaukyegat (2) Hydro Power Plant
CSR workshop training by Owen Hawkes, KPMG