SMM 11th Asian Boys’ U19 “ Yangon Aerodrome “ Volleyball Championship, 2017

အေးရှားဝေါလ်ကုမ္ပဏီ ဥက္ကဌ၊ မြန်မာဘောလီဘောအဖွဲ့ချုပ်၏ ဥက္ကဌလည်း ဖြစ်သူ ဦးထွန်းမြင့်နိုင်သည် ဖွင့်ပွဲတက်ရောက်ချီးမြှင့်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၈ ရက် မှ ဧပြီလ ၅ ရက်အထိ ကိုးရက်ကြာ နေပြည်တော် မြို့တွင်ကျင်းပသော ပြိုင်ပွဲတွင် အရှေ့တောင်အာရှ၊ အနောက်အာရှ နှင့် အလယ် အာရှနိုင်ငံများမှ အသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ဤပြိုင်ပွဲသည် အာရှလူငယ်ဘောလီဘောအသင်းများ၏ စွမ်းရည်ဖော်ထုတ်ပြသခွင့်ရသည်သာမက ၂၀၁၇ ခုနှစ် ကမ္ဘာ့အမျိုးသားဘော်လီဘောပြိုင်ပွဲဝင်ခွင့်အတွက်လည်း အဆုံးအဖြတ်ပေးမည့် ပြိုင်ပွဲဖြစ်ပါသည်။

အားကစားသမားများအကြား ချစ်ကြည်ရင်းနှီးစွာ ယဉ်ကျေးမှုဖလှယ်နိုင်သည့်အပြင် အခွင့်အရေးများရရှိနိုင်သည့် နှစ်စဉ်ကျင်းပလျက်ရှိသော ဤအားကစားပွဲသည် အာရှဒေသတွင်း လူငယ်ဘောလီဘောအသင်းများ တိုးတက်ဖွံ့ဖြိုးလာရေးနှင့် မြန်မာ့လူငယ်မျိုးဆက်သစ်များ ပြိုင်ပွဲအတွေ့အကြုံများ ရရှိနိုင်သည့် အခွင့်အလမ်းများကိုပါ ဖန်တီးပေးခြင်းဖြစ်ပါသည်။

volleyball match 01volleyball match 02volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01volleyball match 01