၂၀၁၇ ခုနှစ် ၊ဧပြီလ၊ ၁၄ရက်၊
အေးရှားဝေါလ် ကုမ္ပဏီသည် ၎င်း၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား တွင် ၎င်း၏ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ဆောင်ဖက်များ၊ ဝန်ထမ်းနှင့် မိသားစုများကို ညစာအခမ်းအနားဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ညစာစားပွဲကို၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ၂၅ နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် ကျင်းပခဲ့ပါသည်။
မင်္ဂလာရှိသော အချိန်သမယဖြစ်သည်နှင့်အမျှ AWC Group ဥက္ကဌ ဦးထွန်းမြင့်နိုင်သည် ကုမ္ပဏီအဖွဲ့၏ စာနာထောက်ထားမှု အဖွဲ့အစည်း ဖြစ်သည့် အေးရှားဝေါလ် ဖောင်ဒေးရှင်းမှတဆင့် အရေးကြီးသော အဖွဲ့အစည်းအချို့ သို့ အလှူငွေများကိုအောက်ပါအတိုင်း ပေးအပ်လှူဒါန်း ခဲ့ပါသည်။
၁။ ရန်ကုန်တိုင်းဒေသအစိုးရထံသို့ ပညာရေးရန်ပုံငွေ ကျပ်သန်း (၁၀ဝ)
၂။ မြန်မာနိုင်ငံရှိ မသန်စွမ်း ပုဂ္ဂိုလ်များ (Myanmar Independent Living Initiative for Disable People) သို့ ကျပ် (၁၀) သန်း
၃။ Catholic ဘိုးဘွားရိပ်သာသို့ ကျပ် (၁၀) သန်း
၄။ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့အစည်းသို့ ကျပ် (၁၀) သန်း
၅။ မေတ္တာရောင်ခြည် လူမှုဖူလှုံရေးနှင့် ဖွံ့ဖြိုးရေး ဂေဟာ သို့ ကျပ် (၁၀) သန်း