၂၀၁၇ ခုနှစ် ၊ ပထမအကြိမ် နှစ်ဝက် အစည်းအဝေး

၂၀၁၇ ခုနှစ် ၊ဇွန်လ၊ ၁၄ရက်၊

အေးရှားဝေါလ်ကုမ္ပဏီ အဖွဲ့အစည်းသည် နှစ်စဉ်ပြုလုပ်သော နှစ်ဝက် အစည်းအဝေးကိုနေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်တွင် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက် အထိ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ ဦးဆောင်ခဲ့ပြီး AWC Group ၏ ကုမ္ပဏီ အသိီးသီးမှ အလယ်အလတ်နှင့် အထက်တန်း စီမံခန့်ခွဲရေး အဆင့်ရှိ ပုဂ္ဂိုလ် စုစုပေါင်း ၂၀ဝ ဦးခန့် တက်ရောက်ခဲ့ပါသည်။

ဥက္ကဌက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် အပြု သဘောဆောင်သည့် အမြင်ကို တင်ပြခဲ့ပြီး AWC Group သည် ကောင်းမွန် သော အတွေ့အကြုံများ၊ လုပ်ဆောင်နိုင်စွမ်းများဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးကို ပါဝင် ကူညီထောက်ပံ့ရန်အတွက် အဆင်သင့်ဖြစ်နေသည်ကို စိတ်ချယုံကြည်ပါကြောင်းပြောကြား ခဲ့ပါသည်။

ကုမ္ပဏီ၏ ၂၅ နှစ်ပြည်အခမ်းအနားနှင့်အတူ ဝန်ထမ်းများအတွက် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့ပါသည်။

ညစာစားပွဲအခမ်းအနား၌လည်း ဥက္ကဌအနေဖြင့် နှစ်ရှည် ဝန်ထမ်းများကို အထူးသီးသန့် လက်ဆောင်များပေးခဲ့ပါသည်။