၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး

၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ၊ ၂၉ ရက်၊

အေးရှားဝေါလ် ကုမ္ပဏီအဖွဲ့အစည်းသည် ၎င်း၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို နေပြည်တော်ရှိ Horizon Lakeview Resort ဟိုတယ်တွင် ဇန်နဝါရီလ၊ ၂၀ ရက် မှ ၂၁ ရက် အထိ ကျင်းပခဲ့သည်။

Opening address by AWC Chairman U Htun Myint Naing

 

ဥက္ကဌ ဦးထွန်းမြင့်နိုင်၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော ထိုအစည်းအဝေးသို့ ထိပ်တန်း စီမံခန့်ခွဲရေး အဆင့်ရှိ အဖွဲ့ဝင်များ၊ အလယ်အလတ် စီမံခန့်ခွဲရေး အဆင့်ရှိ ပုဂ္ဂိုလ်များ နှင့် အရည်အချင်းရှိ လူငယ်များ စုစုပေါင်း (၂၀ဝ) ဦး တက်ရောက်ခဲ့ပါသည်။ အဓိကလုပ်ငန်း (၁၁) ခု မှ ၎င်းတို့၏ ၂၀၁၇ ခုနှစ်အတွင်း အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့ပုံ အပြင် ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် အစီအစဉ်များကို တင်ဆက်ခဲ့ကြသည်။ ထို့အပြင် Corporate Communication Department ၏ လုပ်ဆောင်မည့် အစီအစဉ်များနှင့် အေးရှားဝေါလ် ကုမ္ပဏီ ၏ စာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်း၏ ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးရေးအတွက် အကျိုးအမြတ် ရယူခြင်းမရှိဘဲ လမ်းဖောက်လုပ် လှူဒါန်းပေးခြင်း ကိုလည်း မီးမောင်းထိုးပြခဲ့ပါသည်။

၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေအထွေအစည်းအဝေး၏ အစီအစဉ်- ၂၀၁၇ ခုနှစ်၏ လုပ်ငန်း ပြီးစီးမှုများကို ပြန်လည်သုံးသပ်ပြီး ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ် မှုများကို စီစစ်ပိုင်းခြားရန်၊ ၂၀၁၈ ခုနှစ်တွင် ရည်မှန်းထားသော အရာများနှင့် ပန်းတိုင်များ တိုးတက်လာစေရန်နှင့် အနာဂတ် မျိုးဆက်သစ်များ အသင်း အဖွဲ့စိတ်ဓာတ်ရှိပြီး ဦးဆောင်နိုင်စွမ်းရှိအောင် လေ့ကျင့်တည်ဆောက် ပေးရန် စသည်တို့ဖြစ်သည်။

အစီအစဉ်အရ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေး တိုးတက်လာရေး နှင့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကို လူသိများထင်ရှားသော ပြင်ပ ပြောရေးဆိုခွင့်ရှိသူ၊ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဒေါ်နုနုယဉ် ကပို့ချပေးခဲ့ပြီး MDF အေးရှားမြန်မာမှလည်း ခေါင်းဆောင်မှုနှင့် ညှိနှိုင်း ဆွေးနွေးမှုဆိုင်ရာ သင်ခန်းစာပို့ချမှုဖြင့် ပါဝင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေအထွေ အစည်းအဝေး၏ အပိတ်အမှာ စကားအနေဖြင့် ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ ပို၍ကောင်းမွန်သော အသင်းအဖွဲ့ စိတ်ဓာတ်ရှိရန်၊ ပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် နည်းလမ်းအသစ်များဖြင့် လုပ်ဆောင်ရန်နှင့် အခွင့်အလမ်းများကို အသုံးချနိုင်ရန် စသည်တို့ကို ပြောကြားခဲ့ပါသည်။ ကျွန်ုပ်တို့၏ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဓိက ကဏ္ဍအနေဖြင့် ဦးစားပေးပြောကြားခဲ့သည်။ ထိုလေဆိပ်သည် နိုင်ငံတော်၏ အရေးပါသော ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သည့် အားလျော်စွာ နှစ်စဉ် ခရီးသည် သန်းပေါင်း (၂၀) ကိုဝန်ဆောင်မှုပေးနိုင်ရန် လေဆိပ်အဆောက် အအုံပစ္စည်းများ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းများ မြင့်မားလာစေခြင်း စသည်တို့အတွက် ဆက်လက်၍ ရင်းနှီးမြှပ်နှံသွားမည် ဖြစ်သည်။

အစည်းအဝေးပြီးဆုံးသည့်အခါတွင်တက်ရောက်သည့် ဝန်ထမ်းများအားလုံးကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


Close to 200 employees attended this year’s Annual General Meeting

Yangon Aerodrome and Pioneer Aerodrome teams on stage during their presentation

The team from Asia World Port Terminal delivers their presentation
 

Our trainer, Dr Nu Nu Yin delivers her talk on leadership behavior related to subordinates’ readiness

Q&A session by employees after Dr Nu Nu Yin’s talk

Our hydropower team delivering their talk on stage
 

Employees are treated to dinner and entertainment after Day 1 of the Annual General Meeting

Employees are treated to dinner and entertainment after Day 1 of the Annual General Meeting

Day 2 kicks off with leadership training by MDF Myanmar Asia
 

AWC employees interacting during Day 2 training by MDF Myanmar Asia

AWC employees interacting during Day 2 training by MDF Myanmar Asia

AWC employees interacting during Day 2 training by MDF Myanmar Asia