Yangon Aerodrome Company Limited – YACL and Asia World Group of Companies, is proud to support the Voices for Wildlife Festival held at Mahabandoola Park on 2nd November 2018.

Yangon Aerodrome Company Limited (YACL) နှင့် အေးရှားဝေါလ်လုပ်ငန်းစုမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသော Voices for Wildlife ပွဲတော်ကျင်းပရေးကူညီပံ့ပိုးပေးနိုင် ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

YACL နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့မှ တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် Voices for MoMos လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများတရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းရပ်တန့်စေရေးလူထုလှုံ့ဆော်မှုများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 နှင့် Terminal 3 တို့တွင် စက္ကူဆင်ရုပ်ကြီးများပြသ ထားရှိခြင်းတို့အား မကြာသေးမီက လုပ်ဆောင်ခဲ့ပါသည်။

ယခုကျင်းပသည့်ပွဲတော်အတွင်း graffiti နှင့် အနုပညာပြပွဲများသာမက နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့်လည်း ပါဝင်ပံ့ပိုးပေးခဲ့ကြပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော YACL သည် ယခုလှုပ်ရှားမှုအတွက် ပါဝင်ကူညီထောက်ပံ့လျက်ရှိပြီး တောရိ်ုငးတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများတရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့်ပက်သက်၍ အများ ပြည်သူအား အသိပညာပေးရာတွင် တစ်တပ်တစ်အားပါဝင်သွားမည်ဖြစ်ပါသည်။ အဆိုပါပွဲတော်ကို တက်ကြွစွာထောက်ခံအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရဝင်ပေါက်၊ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသည့် YACL သည် တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်စေရန် ပြည်သူ့အကျိုးပြုလုပ်ငန်းများမှတစ်ဆင့် အများပြည်သူအတွက်အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပြီး တောရိုင်းတိရစ္ဆာန်ထွက်ကုန် ပစ္စည်းများတရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို စုံစမ်းရှာဖွေတားဆီးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

VFW IMG 5925

VFW IMG 5935

VFW IMG 5941

VFW IMG 5942

VFW IMG 5954

VFW IMG 5967

VFW IMG 5970

VFW IMG 5979

VFW IMG 5991

VFW IMG 6018

VFW IMG 6018

VFW IMG 6021