posted in The Global New Light of Myanmar
လေကြောင်းဦစီးဌာနမှ ရန်ကုန်မြို့ ဖွံ့ဖြိုးရေး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြင့်တင်ရေးနှင့် လေဆိပ်လုပ်ငန်းလည်ပတ်ရေး များတွင် ပါဝင်လုပ်ဆောင်ရန် သီးခြား လုပ်ငန်းကဏ္ဍများကို ဖိတ်ခေါ်ခဲ့သည်ဟု ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်မှ ဇန်နဝါရီလ ၆ရက် နေ့တွင် အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်း ရုံး၌ ကျင်းပသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြင့်တင်ရေး Concession Agrement လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ သည်။
စီမံကန်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် လေကြောင်းဦးစီးဌာနသည် Pioneer Aerodrome Service အဖွဲ့အစည်းနှင့် ၁၉ ကြိမ်တိတိ အစည်းအဝေးပြုလုပ်ခဲ့ သည်။ ကုမ္ပဏီအနေဖြင့် ပြည်ထောင်စုအစိုးရ နိုင်ငံတော်ရှေ့နေချုပ်ထံမှ သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ လေကြောင်းဦစီးဌာန အထွေထွေ ညွှန်ကြားရေးမှုး ဦးဝင်းရွှေထွန်း နှင့် Yangon Aerodrome co., Ltd ၏ ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် Concession Agreement စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အောက်တိုဘာလ ၂၅ရက်မှ ဒီဇင်ဘာလ ၅ရက် အထိ ဝင်ရောက်ယှဉ်ပြိုင် သော ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား ပဏာမအကြို အရည်အချင်း ဆန်းစစ်ခြင်း (prequalification) ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့သော အဖွဲ့အစည်း ၁၁ခု၏ အမည်စာရင်းကို ၇ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၃ခုနှစ်တွင် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်း ၁၁ခု အနက် ၇ခုမှ စီမံကိန်းအတွက် တင်ဒါ အဆိုပြုလွှာမျာုး တင်သွင်းခဲ့ကြပါသည်။ ၁၀ရက်၊ သြဂုတ်လ၊ ၂၀၁၃ခုနှစ်တွင် တင်ဒါအောင်မြင်သွားသော Pioneer Aerodrome Services Consortium နှင့် yojgnam-CAPE-JGC Consortium တို့အား ၂၀၁၃ခုနှစ်တွင် နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာခဲ့ပါသည်။