AOT-YACL Executive Meeting 2018

Airports of Thailand (AOT) ဥက္ကဌ Mr. Nitinai Sirismatthakarnနှင့် Yangon Aerodrome Company Limited (YACL) ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့ ဦးစီးကျင်းပသော AOT – YACL Executive Meeting 2018 ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျင်းပခဲ့ရာ နှစ်ဖက်ကုမ္ပဏီ အဖွဲ့များ တက် ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို sister airport agreement လက်အောက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်အတွင်း ခရီးသည်ပေါင်း ၅.၉၂ သန်း ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ ဖြတ်သန်း သွားလာခဲ့ကြပြီး ခရီးသည်ပေါင်း သန်း ၂၀ အထိ ဝန်ဆောင်မှု ပေးနိုင်ရေး မျှော်မှန်း တည်ဆောက်ထားသော ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် အနေဖြင့် ယခုအခမ်းအနားသည် နိုင်ငံတကာ အဆင့်မီလေ ဆိပ်အဖြစ် ဆက်လက် ရပ်တည်နေနိုင်ရေး ကြိုးပမ်းမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးတွင် airside management ၊ route development နှင့် အခြားသော လေဆိပ် စီမံခန့်ခွဲ မှုဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ မျှဝေဆွေးနွေးခဲ့ကြပါသည်။ AOT ၏ Senior Executive Vice President (Corporate Straty) Ms. Sasisubha Sukontasub ၊ YACL ၏ Chief Operating Officer Mr. Jose Angeja ၊ AOT နှင့် YACL တို့မှ အကြီးတန်း အရာရှိများ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။

aot yacl 002 aot yacl 003